DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်ညီညွှတ်ရေးကော်မတီ ဦးဆောင်၍ မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေ
DVB
·
June 2, 2016
ရှမ်းပြည်ညီညွှတ်ရေးကော်မတီ ဦးဆောင်၍ မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေ
Donate to DVB

မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲတရပ်ကို ရှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU)က ဦးဆောင်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပလျှက်ရှိပါတယ်။

အန်အယ်လ်ဒီအစိုးရက ကျင်းပသွားမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါမှမဟုတ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့်မရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အသံတွေ၊ အကြံပြု ချက်တွေကို ညီလာခံ မှာ တင်ပြနီုင်ဖို့နဲ့  ရှမ်းပြည်နယ်ရှိ  အဖွဲ့အစည်းများအားလုံး  စည်းလုံးညီ ညွတ်ရေး အတွက် နှီးနှောဖလှယ်ပွဲ ကျင်းပရတာလို့ ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ  စိုင်းကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကအားဖြင့် အခုလာမယ့် ၂၁ ရာစု ပင်လုံဘဲပြောပြော ငြိမ်းချမ်းရေးညီလာခံဘဲပြောပြော အဲဒီပွဲတွေအတွက် ရှမ်းပြည်မှာရှိတဲ့ နိုင်ငံရေးပါတီတွေ ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့အသံကို နားထောင်မယ်။ ဟိုညီလာခံမှာတော့ဖြင့် တချို့က ပါဝင်ခွင့်ရမယ်။ တချို့က မပါရဘူး။ အစိုးရက ချမှတ်ထားတဲ့မူဝါဒအရ အနိုင်မရတဲ့ပါတီတွေက ပါဝင်ခွင့်ရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီပါဝင်ခွင့် မရတဲ့သူတွေရဲ့ အသံကို နှီးနှောဖလှယ်ပွဲက နားထောင်မယ်။ သူတို့ရဲ့ အကြံပြုချက်တွေလည်း ယူမယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအစုံရဲ့အသံတွေကို စုစည်းပြီး ငြိမ်းချမ်းရေးညီလာခံမှာ ရှမ်းပြည်ရဲ့သဘောထားကို တင်ပြနိုင်အောင် ဆွေးနွေးကြ နှီးနှောဖလှယ်ကြတာဖြစ်တယ်။ ဘုံ သဘောတူညီချက်တွေ ထုတ်ပြန်နိုင်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ ညီညွတ်ရေးကို တည်ဆောက်နေတာပါ၊ ပြီးတော့ ရှိနေတဲ့ပါတီတွေရဲ့ မူဝါဒတွေအခြေခံပြီး ရှမ်းပြည်ကို ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ ဆွေးနွေးခြင်းဘဲ ဖြစ်ပါတယ်။”

ဒီကနေ့နှီးနှောဖလှယ်ပွဲမှာ စီအက်စ်အက်ယူရဲ့ အလှည့်ကျဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က “ကနေ့ နိုင်ငံရေးမှာ ပြည်သူကရွေးချယ်တဲ့ အစိုးရတရပ်ပေါ်ပေါက်လာပြီး ဒီမိုကရေစီအသွင် ကူးပြောင်း ရေးကို အရပ်သားသမ္မတက ဦးဆောင်ခွင့်ရရှိလာကြောင်း၊ ဒီလို ထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဒီမို ကရေစီရှင်သန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဝိုင်းဝန်း ကူညီသွားဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေဖည်မသွားအောင် တွေ့ဆုံဆွေးနွေးပြီး  နိုင်ငံရေးယဉ်ကျေးမှု ရှင်သန်လာဖို့အတွက် ဆွေးနွေးပွဲတက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့ အဖွဲ့အစည်းတွေအနေနဲ့  ကျရာအခန်းကဏ္ဍမှနေ ဝိုင်းဝန်းကူညီဖို့  တိုက်တွန်းသလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ လှေကြီးကို တိုင်းရင်းသားအားလုံးက တက်ညီ လက်ညီ ဝိုင်းဝန်းလှော်ခတ်သွားဖို့ လိုအပ်ကြောင်း” ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ပြောသွားပါ တယ်။

နှီးနှောဖလှယ်ပွဲကို ဇွန်လ ၁ ရက်ကနေ ၂ ရက်နေ့ထိ ကျင်းပသွားဖို့ရှိပြီး ရှမ်းပြည်နယ်ရှိ အန်အယ်လ်ဒီပါတီကလွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအ၀င် တိုင်းရင်းသားပါတီပေါင်း ၁၉ ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့၊ မီဒီယာ ၄ ဖွဲ့ နဲ့ စီအက်စ်အက်စ်ယူအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၉၀ ကျော် တက်ရောက်ဆွေးနွေးနေကြ ပါတယ်။

ရှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) ကို ရှမ်းနိုင်ငံရေးပါတီနဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေက ထိုင်း မြန်မာနယ်စပ်တနေရာမှာ  လွန်ခဲ့တဲ့ ၃ နှစ်က ဖွဲ့စည်းခဲ့ပါတယ်။

(ဓာတ်ပုံ - Shan Nationalities League for Democracy)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013