DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် အန်စီအေ လက်မှတ်မထိုးသည့်အဖွဲ့များ သန်ဘက်ခါ ဆွေးနွေးမည်
DVB
·
June 1, 2016
အစိုးရနှင့် အန်စီအေ လက်မှတ်မထိုးသည့်အဖွဲ့များ သန်ဘက်ခါ ဆွေးနွေးမည်
Donate to DVB

ပြည်ထောင်စုအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို ပြင်ဆင်ရေး ကော်မတီက တာဝန်ရှိသူတွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လာမယ့် ဇွန် ၃ ရက်နေ့ကျရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးမှုစတင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ တိုးချဲ့အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

မနက်ဖြန် ဇွန် ၂ ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ အန်စီအေ မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အဖွဲ့ဟာ ချင်းမိုင်မြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံညှိနှိုင်းမှုကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြဖို့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ပြင်ဆင်ရေးလုပ်ငန်း၊ ကျင်းပရေးနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပါဝင်လာနိုင်အောင် ဆွေးနွေးညှိနှိုင်းကြဖို့ဖြစ်ပါတယ်။

ဒေါက်တာတင်မျိုးဝင်းတို့အဖွဲ့မှာ အကြိုပြင်ဆင်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ် ဆပ် ကော်မတီ ၂ ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန အထူးအကြံပေး ဦးလှမောင်ရွှေလည်း လိုက်ပါလာဖွယ်ရှိပါတယ်။

ဒီဆပ်ကော်မတီ (၂) ဟာ ဆွေးနွေးညှိနှိုင်းမှုအပေါ်မူတည်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးကာ ညီလာခံတွင် ပါဝင်နိုင်ရေးအတွက် အဖြေရှာဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုအပ်ရင် အန်စီအေစာချုပ်မှာ လက်မှတ်မရေးထိုးနိုင်တဲ့ အဖွဲ့တွေ ညီလာခံတက်ရောက်နိုင်ရေးအတွက် လမ်းညွှန်ချက်နဲ့အညီဆောင်ရွက်ဖို့ တာဝန်ရှိ ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ)ကို လာမယ့် ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လဆန်းပိုင်း လောက်မှာ စတင်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013