DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်တွင် ငြိမ်းစုစီ ဥပဒေသစ်ကို ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
June 1, 2016
အမျိုးသားလွှတ်တော်တွင် ငြိမ်းစုစီ ဥပဒေသစ်ကို ကန့်ကွက်သူမရှိ အတည်ပြု
Donate to DVB

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးရဲ့ ပထမဆုံးဥပဒေအဖြစ် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို မေလ ၃၁ ရက်နေ့မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေအရ လူတဦးတယောက်ရဲ့ အသရေကို ထိခိုက်စေတဲ့ ရုပ်ပုံတွေ၊ စာသားအသုံးပြုတာတွေ စတဲ့အချက်ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

“လူတဦးရဲ့ အသရေကို ထိခိုက်နစ်နာစေသောတို့ ဘာတို့ ဒီလိုတွေ ထည့်ထားတာ ရှိတယ်။ ပိုစတာတို့ ရုပ်ပုံတို့၊ ပိုစတာတို့ ရုပ်ပုံတို့ ဆိုတာကတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲလေ။ ကယ်ရီကေးချားနဲ့ ထည့်ရင်ထည့်မှာပေါ့။ အဲတော့ အသရေဖျက်မှုဆိုတာက တစုံတဦးနဲ့ပဲဆိုင်တယ်။ တဦးတယောက်နဲ့ပဲ ဆိုင်တယ်။ အဲဒီ တဦးတယောက်က ကျေနပ်လက်ခံရင် ပြဿနာမရှိဘူး။ မကျေနပ် မလက်ခံဘူးဆိုရင်လည်း အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်။ ဒီဥပဒေက အထူးဥပဒေဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီထဲမှာထည့်သွင်းလိုက်ရင် ဒါဟာ ပြစ်မှုပိုကြီးအောင် လုပ်သလို ဖြစ်ပါတယ်” လို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ဒါ့အပြင် အသစ်ဖြည့်စွက်ချက်တွေအနေနဲ့ တဦးဦးကို ငွေကြေး၊ ပစ္စည်းပေးပြီး စီတန်းလှည့်လည်တာမှာ ပါဝင်စေခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးပြီး ပါဝင်စေခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးက ဆက်ပြီး “ဖိအားပေးဆွဲဆောင်ခြင်း၊ ဖိအားပေးပြီးတော့ ပါခိုင်းတယ် ဆိုတာတွေ ထပ်ပိုလာတယ်။ နောက်တချက်ကကျတော့ ငွေကြေး တံစိုးလက်ဆောင် ပေးပြီးတော့ ပါခိုင်းတယ်။ နောက်တခုကကျတော့ ယူပြီးတော့၊ လက်ခံပြီးတော့ ပါတယ်။ ဒါတွေလည်း အခုပြင်ဆင်ချက်တွေထဲမှာ၊ ကန့်သတ်ချက်တွေထဲမှာ ပါလာပါတယ်” လို့ ဆိုပါတယ်။

စီတန်းလှည့်လည်သူတွေကို ဖြိုခွဲတာမှာလည်း အင်အားအလွန်အကျွံ သုံးစွဲခြင်းမပြုရ၊ တချိန်တည်း ဆန္ဒဖော်ထုတ်မယ့်အဖွဲ့ တဖွဲ့ထက်ပိုရင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ ရဲအရာရှိ ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်း ဖြည့်စွက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013