မန်ချက်စတာစီးတီးအသင်းဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ နောဝစ်ချ်အသင်းကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဖလွိုက်ဆမ်ဘာဟာ မန်စီးတီးအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး ပွဲဦးထွက်မှာတင် မန်စီးတီးအတွက် ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။
နည်းပြ မာရက်စကာကတော့ ဆမ်ဘာကို တိုက်စစ်မှူးနေရာမှာ ပထမဆုံး စမ်းသပ်ကစားခိုင်းခဲ့တာ ဖြစ်ပြီး သူ့ခြေစွမ်းအပေါ် ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆမ်ဘာကလည်း ဒီပွဲဟာ သူ့အတွက် စတင်မှုတခုသာ ဖြစ်ကြောင်း ပြောသွားပါတယ်။
ပရီးမီးယားလိဂ် နောက်ခံလူဟောင်း ခရစ်စတိုဖာဆမ်ဘာရဲ့ သားဖြစ်သူ ဖလွိုက်ဆမ်ဘာဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။











