DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးများ ရခိုင်ဒေသအရေး စတင်ကွင်းဆင်း
DVB
·
June 1, 2016
ပြည်ထောင်စုဝန်ကြီးများ ရခိုင်ဒေသအရေး စတင်ကွင်းဆင်း
1 / 2
Donate to DVB

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ကြမယ့် ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဟာ မြို့နယ်တချို့ကို ဒီကနေ့ ကွင်းဆင်းပြီးပြည်သူတွေနဲ့ စတင် တွေ့ဆုံပါတယ်။
သမ္မတဦးထင်ကျော်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီတွေကို မေ ၃၀ ရက်နေ့ကမှ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂ ရက်အကြာမှာ အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။

ဗဟိုကော်မတီဒုတိယဥက္ကဌ နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၀န်ကြီး ဦးကျော်တင့်ဆွေ၊ လူဝင်မှုကြည့်ကြပ်ရေး နဲ့အလုပ်သမားရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကျမ်းမာရေးဝန်ကြီး၊ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန၀န်ကြီးတွေ အပါအ၀င် ဗဟိုကော်မီတီအဖွဲ့ဝင်တော်တော်များများ ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြပါတယ်။

သူတို့အဖွဲ့ဟာ မနက်ပိုင်းမှာ မြေပုံမြို့နယ်က တောင်ပေါ်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သလို မြေပုံမြို့ခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“ကျနော်တို့ဒီနေ့ ပြည်ထောင်စုဝန်ကြီးတွေကို သွားကြိုတယ်။ မနက် ၇ နာရီလောက်မှာပေါ့နော်။ ၈ နာရီလောက်မှာ ဒီဝန်ကြီးတွေ လေယာဉ်နဲ့ ရောက်လာတယ်။ ဒီကနေ ဟယ်လီကော်ပတာနဲ့ မြေပုံမြို့ သွားတယ်။ အခုနက ပြန်ရာက်တယ်။ အခုသူတို့ထမင်းစားပြီးမှ ကျနော်တို့ အစိုးရရုံးမှာ တွေ့မယ်။”

မြေပုံမြို့က ဦးဖိုးလှိုင်ကတော့ သူ့ကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံရပေမယ့် သူမသွားဖြစ် ကြောင်းနဲ့ ဒေသခံတွေကလည်း စိတ်မ၀င်စားကြဘူးလို့ ပြောပါတယ်။

“ကျနော်တို့ သွားမတွေ့ပါဘူး။ မနေ့ကတော့ ဖုန်းဝင်နေတယ်။ သူတို့လာမယ်လို့ ပြောတယ်။ ဦးလေးတို့ကိုတော့ ဖိတ်တော့ဖိတ်တာပေါ့ဗျာ။ မသွားဖြစ်လို့ ဘာတွေဆွေးနွေးလဲ မသိဘူး။ စိတ်မ၀င်စားတဲ့လူတွေ များနေတယ်။ ဦးလေးရဲ့ ပတ်ဝန်းကျင်က အဲဒါတွေကို စိတ်မ၀င်စားတော့ မတက်သူတွေတော့ များလိမ့်မယ်ထင်တယ်။ သူတို့ကိုသွားမေးရင်လည်း အန်ကယ့်လိုပဲ ဖြစ်မှာပါ။”

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဟာ နေ့ခင်းပိုင်းမှာတော့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာက ဘင်္ဂလီဒုက္ခသည်စခန်း သွား ရောက်ခဲ့ပြီး နေ့ခင်း ၂ နာရီခွဲမှာတော့ စစ်တွေ မြို့ပေါ်က ဦးဥတ္တမခန်းမမှာ လူမှုအဖွဲ့အစည်း တွေနဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013