DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်းမည်
DVB
·
June 1, 2016
ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်းမည်
Donate to DVB

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဖွံဖြိုးရေးလုပ်ဆောင်ဖို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးပါတယ်။

သမ္မတက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရာမှာ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယဥက္ကဋ္ဌတွေ အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ကော်မတီ အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦးကလွဲလို့ ပြည်ထောင်စုဝန်ကြီး အကုန်လုံးပါဝင်ပါတယ်။

အတွင်းရေးမှူးအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး တို့ကို တာဝန်ပေးပါ တယ်။

ဒ့ါအပြင် သမ္မတဦးထင်ကျော်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုလုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဗဟိုလုပ်ငန်း ကော်မတီများကို (က) လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ (ဥက္ကဋ္ဌ-ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး)၊ (ခ) လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း ကော်မတီ (ဥက္ကဋ္ဌ-အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)၊ (ဂ) ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ (ဥက္ကဋ္ဌ-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)၊ (ဃ) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (ဥက္ကဋ္ဌ-နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီတွေရဲ့ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရအဖွဲ့တဖွဲ့လုံးက ရခိုင်ပြည်နယ်မှာ ဦးစားပေး အားစိုက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ဟာ ပေါ်လွင်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းဖွံဖြိုးရေးကို အထူးအားစိုက်ပြီး အကောင်အထည်ဖော်ပါသလဲလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကို မေးမြန်းရာမှာ သူက “အဓိကကတော့ ရခိုင်ပေါ့နော်၊ မြန်မာနိုင်ငံမှာ အဓိက ချဲလင့် စိန်ခေါ်မှုတွေပေါ့နော်၊ ရခိုင်ပြဿ နာက အခုချိန်ထိအားလုံး ပြေလည်သွားတဲ့အနေအထား မရောက်သေးဘူး။ မရောက်သေးတဲ့အပြင် ဒီဟာက မီးခဲပြာဖုံးအနေအထားဆိုတော့ ဘယ်အချိန်မှ ထပြီးတော့ တောက်လောင်မလဲ၊ ကြီးထွားလာမလဲဆိုတဲ့ပြဿ နာကို ကြည့်ရတဲ့အနေအထားဖြစ်တယ်။ အဲဒီအပေါ်မှာ ဖြေရှင်းဖို့အတွက် အရင်ဦးသိန်းစိန်အစိုးရတုန်းကလည်း ရခိုင်ပြည်နယ် တည်ငြိမ် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးတော့ ကော်မတီဖွဲ့ပြီးတော့ လုပ်ငန်းကော်မတီ အဆင့်ဆင့်နဲ့ လုပ်ခဲ့တယ်။ လုပ်ခဲ့သလိုပဲ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဗဟိုကော်မတီနဲ့ လုပ်ငန်း ကော်မတီတွေလုပ်တယ်ဆိုတာက ရခိုင်ပြဿ နာကို အထူးတလည်ဖြေရှင်းနိုင်တဲ့ အနေအထား ရောက်အောင်ပေါ့ ဆောင်ရွက်မယ်ဆိုပြီး အလေးပေးပြီး ဆောင်ရွက်ခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတုန်းက မဲအများစုအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြည်ထောင်စုအစိုးရရဲ့ ရခိုင်ပြည်နယ်အေးချမ်းရေးဆောင်ရွက်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များကို ဖွဲ့စည်းပုံပါ ပြဌာန်းချက်များအတိုင်း လွတ်လွတ်လပ်လပ် အချုပ်အခြာအာဏာရဲ့ တစိတ်တဒေသ ကို ပေးထားတယ်ဆိုတဲ့ ပေးထားချက်အပေါ်မှာ ပြက်ရယ်ပြုနေသလိုဖြစ်ပါတယ်လို့ ဝေဖန်ပါ တယ်။

သူက “ဗဟိုအုပ်ချုပ်မှုစနစ်ကို သွတ်သွင်းလိုက်တဲ့ အနေအထားမှာရှိပါတယ်။ ရခိုင်ပြည်နယ် အစိုးရနဲ့ ရခိုင်ပြည်နယ် ပါလီမန်ရဲ့ကဏ္ဍဟာ ပျောက်ပျက်သွားတဲ့ အနေအထားပါ။” လို့ ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုတခုကို ရခိုင်အမျိုးသားပါတီနဲ့ အန်အယ်လ်ဒီက အချိန်မနှောင်းခင်လေး မှာပေါ့နော် ကြိုးစားတွေ့ဆုံဆွေးနွေးသင့်တယ်လို့တော့ ကျနော့်ဖက်က သုံးသပ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013