DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ရေလုပ်သား ၄၃ ဦး နေရပ်ပြန်ရောက်
DVB
·
June 1, 2016
ဧရာဝတီတိုင်းက ရေလုပ်သား ၄၃ ဦး နေရပ်ပြန်ရောက်
1 / 9
Donate to DVB

အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့မှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ မြန်မာ ရေလုပ်သားတွေထဲမှာ   ဧရာဝတီတိုင်းက ၄၃ ဦး နေရပ်ကို မေလ ၃၁ ရက်နေ့က ပြန်လည် ရောက်ရှိလာပါတယ်။

ရေပိုင်နက် ကျူးလွန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာရေလုပ်သားပေါင်း ၂၄၉ ယောက်ရှိပြီး ၁၂၉ ယောက်ကတော့ ပထမသုတ်အနေနဲ့ မြန်မာနိုင်ငံကို အစိုးရ အကူအညီနဲ့ ရောက်ရှိလာပါတယ်။

အဲဒီထဲမှာ  ဧရာဝတီတိုင်းဒေသကြီးအတွင်းက ရေလုပ်သား ၄၃ ဦး ပါဝင်ပြီး တိုင်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနတို့က ပုသိမ်မြို့ကို ခေါ်ဆောင်လာပြီး နေရပ်ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ဧရာဝတီတိုင်းက ကျန်ရှိနေသေးတဲ့ ၆၁ ဦးကတော့ ဇွန်လ ၂ ရက်နေ့ ဒုတိယအသုတ်မှာ ရောက်လာလိမ့်မယ်လို့ တိုင်းဒေသကြီးကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးသန်းစိုး က ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ - သော်ဇင်မျိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013