DVB Logo
Home
မြန်မာသတင်း
အစိုးရက ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဖွဲ့စည်း
DVB
·
June 1, 2016
အစိုးရက ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဖွဲ့စည်း
Donate to DVB

နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ ၂ ခုကို ဖွဲ့စည်းကြောင်း မေ ၃၁ ရက်က ကြေညာပါတယ်။

အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌအဖြစ် စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန အထူးအကြံပေး ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင် ၁၃ ဦးကို တာဝန်ပေးအပ်ပါတယ်။

ကော်မတီလုပ်ငန်းတာဝန်တွေကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ  ကို ဆွေးနွေးညှိနှိုင်းရန်၊ ညီလာခံ ကျင်းပရေးအတွက် တာဝန်ယူဆောင်ရွက်ဖို့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုအပ်ချက်တွေ တင်ပြချက်တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊

ကော်မတီအစည်းအဝေးတွေ၊ ကော်မတီဆောင်ရွက်ချက်တွေကို အစီရင်ခံစာထုတ်ပြန်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြရမှာဖြစ်သလို မူဝါဒပိုင်းဆိုင်ရာကိစ္စတွေကို လမ်းညွှန်ချက်ကို ခံယူရမှာဖြစ်ပါတယ်။

ကော်မတီအောက်မှာ ဆပ်ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းတာဝန်ပေးပါတယ်။ ဆပ်ကော်မတီ (၁) ဟာ  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးတဲ့  အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပြီး အမှတ်၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ခေါင်းဆောင်ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးတဲ့  အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့  ဆပ်ကော်မတီ (၂) ရဲ့ခေါင်းဆောင်က စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဖြစ်ပါတယ်။

ဒီဆပ်ကော်မတီ (၂) ဟာ ဆွေးနွေးညှိနှိုင်းမှုအပေါ်မူတည်ပြီး အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးကာ ညီလာခံတွင် ပါဝင်နိုင်ရေးအတွက် အဖြေရှာဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုအပ်ရင် အန်စီအေစာချုပ်မှာ လက်မှတ်မရေးထိုးနိုင်တဲ့အဖွဲ့တွေ ညီလာခံ တက်ရောက်နိုင်ရေးအတွက် လမ်းညွှန်ချက်နဲ့အညီဆောင်ရွက်ဖို့ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရက ၂၁ ရာစုပင်လုံညီလာခံအတွက် ကြိုးပမ်းနေချိန်မှာ ဒီညီလာခံဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုတဲ့အတွက် အောင်မြင်မှာမဟုတ်ဘူးလို့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင်ပါတီတွေက ပြောဆိုကြပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုယ်စားလှယ်တွေသာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရှိတဲ့ အတွက် ညီနောင်တိုင်းရင်း သားများဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ရဲ့ ပုံမှန်အစည်းအဝေးအပြီးမှာ ချင်းတိုးတက်ရေးပါတီ  ဥက္ကဋ္ဌ  ဦးဇိုဇမ်က  ပြောဆိုခဲ့ပါတယ်။

အန်ဘီအက်ဖ် အဖွဲ့ဝင် ၂၁ပါတီဟာ ၂၁ ရာစုပင်လုံညီလာခံမှာပါဝင်ခွင့်ရဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်း မှာပါဝင်ခွင့်ရဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်တွန်းမှုတွေပြုလုပ်သွား မယ်လို့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်မယ့်နိုင်ငံရေးပါတီဟာ အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်တဦးရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013