DVB Logo
Home
မြန်မာသတင်း
ငိုနေသည့်ကလေးကို ဂရုမစိုက်သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သတ်
DVB
·
May 31, 2016
ငိုနေသည့်ကလေးကို ဂရုမစိုက်သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သတ်
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မောင်ခရိုင်၊ ပါတန်ဒေသမှာ ဒီကနေ့မနက်ခင်း အစောပိုင်းက ငိုကြွေးနေတဲ့ ကလေးငယ်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့တဲ့ ဇနီးမယားကို အသက် ၂၄ နှစ်အရွယ် လင်ယောက်ျားဖြစ်သူက လည်ပင်းညှစ်သတ်ခဲ့ပါတယ်။

ကလေးငယ်ဟာ မနက်ခင်းစောစောမှာ အိပ်ယာထဲ ငိုကြွေးနေခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူက မထဘဲ နေခဲ့လို့ ခုလိုသတ်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် နန်းခမ်းဟွမ်အမည်ရ မြန်မာနိုင်ငံသူ ရှမ်းအမျိုးသမီးတဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူဟာလည်း ရှမ်းလူမျိုးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေရောက်ရှိခဲ့ချိန်မှာ အဆိုပါအမျိုးသမီးဟာ အိပ်ခန်းတွင်း မွေ့ယာပေါ်မှာ သေဆုံးနေပြီး သူ့အနီးမှာ လေးလအရွယ် ကလေးငယ်ကိုပါ တွေ့ရှိခဲ့ရတယ်လို့ ချန်ပါ့ခ်ရဲစခန်းမှ ရဲအရာရှိ ၀ပ်ချီရာကန်ချနာဝီပါဒါက ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ဆက်ခ်ဆန်ဟွန်းဟာလည်း သေဆုံးသူ ဇနီးမယားအနီးမှာ ရဲတွေအလာကို စောင့်နေခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေရောက်မလာခင် အချိန် ၃ နာရီအတွင်းက အဆိုပါအမျိုးသမီးဟာ သေဆုံးခဲ့တာဖြစ်ပြီး မှုခင်းဆိုင်ရာ ဆရာဝန်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဆက်ခ်ဆန်ဟွန်းဟာ ချင်းမိုင်ခရိုင် ဆန်ကမ်ဖငန်ခရိုင်တွင်းမှာ အလုပ်လုပ်နေသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်ကတည်းက ဇနီးဖြစ်သူနဲ့ အတူပေါင်းသင်းနေထိုင်ခဲ့ကာ သားယောက်ျားလေးတဦး မွေးဖွားခဲ့တာလို့ ရဲတွေကို ပြောပါတယ်။

ကလေးငယ်ဟာ ဒီကနေ့မနက် အစောပိုင်း ၂ နာရီလောက်မှာ ငိုကြွေးနေခဲ့တာမို့ သူက နိုးလာခဲ့တာပါ။

အလုပ်လုပ်ရလို့ မောပန်းနေတဲ့အတွက် သူဟာ ဇနီးမယားဖြစ်သူကို နှိုးပြီး ကလေးကို ချော့သိပ်ခိုင်းခဲ့ချိန်မှာ အိပ်ယာကမထဘဲ သူ့ကိုသာ ချော့သိပ်ဖို့ ပြောခဲ့တာမို့ စိတ်ဆိုးဒေါသထွက်ခဲ့ကာ လည်ပင်းညှစ်ခဲ့တာပါ။

ဒါပေမယ့် ဇနီးမယားဖြစ်သူဟာ မိန်းမောအိပ်ပျော်သွားခဲ့တယ်လို့ သူကထင်ခဲ့ပြီး ကလေးငယ်ကို မိခင်ရဲ့ရင်ခွင်ထဲမှာ သိပ်ထားပေးခဲ့တာပါ။

ဒါပေမယ့် သူအိပ်ယာကနိုးတဲ့ အချိန်မှာတော့ ဇနီးမယားဟာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးထားကာ ကလေးငယ်ကိုတော့ ထိန်းသိမ်းစောင့်ရှောက်မယ့် ဆွေမျိုးသားချင်းတွေ ဆက်သွယ်မလာခင်ထိ ကလေးသူငယ် စောင့်ရှောက်ရေးဌာနမှာ ထားရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013