DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ထံ ပြည်သူ့တင်ပြစာ ၂၀၀၀ နီးပါးရရှိ
DVB
·
May 31, 2016
အစိုးရသစ်ထံ ပြည်သူ့တင်ပြစာ ၂၀၀၀ နီးပါးရရှိ
Donate to DVB

အစိုးရသစ်က နိုင်ငံတော်တာဝန်တွေ လွှဲပြောင်း ရယူခဲ့ပြီးနောက် တလကျော်လောက်အတွင်း ပြည်သူ့ တွေဆီက တင်ပြလာတဲ့ စာပေါင်း ၂၀၀၀ နီးပါးရရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၁၆ မတ်လ ၃၁ ရက်မှ မေလ ၅ရက်အထိ စာတိုက်ကနေပေးပို့ ရောက်ရှိလာတဲ့ ပြည်သူ့ တင်ပြချက်၊ အကြံပြုချက်၊ တိုင်ကြားစာနဲ့ အသနားခံစာ စုစုပေါင်း ၁၉၇၃ စောင် ရှိတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ သမ္မတထံ ပေးပို့တဲ့ စာပေါင်းက ၁၁၆၆ စောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြစာက ၇၈၂ စောင်နဲ့ အစိုးရအဖွဲ့ရုံး ထံပေးပို့တဲ့ စာက ၂၅ စောင်ပါဝင်ပါတယ်။

လက်ခံရရှိတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သမ္မတရုံးဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ယေဘုယျအကြောင်းအရာ စုံတယ်၊ ပိုင်ဆိုင်မှုတွေ၊ အမှုအခင်းကိစ္စတွေ ပြစ်ဒဏ်ကျခံနေရတာတွေနဲ့ ပတ်သက်လို့ အသနားခံတာတွေ နောက် အုပ်ချုပ်ရေးဆိုင်ရာ ပြည်နယ်တိုင်း ခရိုင်မြို့နယ် အဆင့်အထိပါတယ်။ ပုဂိုလ်ရေးတိုင်တာတွေလည်းပါတယ်၊ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တာတွေပါတယ်၊ အောက်ခြေမှာရှိတဲ့ ဌာဆိုင်ရာကိစ္စတွေလည်း ပါတယ်။ အသေးစိတ်ကတော့ ကျနော်လည်း အလွတ်မရဘူး။ လယ်သိမ်းမြေသိမ်းကိစ္စတွေ၊ ဥပဒေကြောင်းအရ သမ္မတဆီကို အသနားခံတင်ပြတဲ့ဟာတွေ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ လျော့ပေါ့ပေးဖို့ တွေပါတယ်၊ ပြည်သူ့ရေးရာ မူဝါဒတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေ ကဏ္ဍအလိုက်အကြံပြုစာတမ်းတွေပါပါတယ် ”လို့ပြောပါတယ်။

လက်ခံရရှိတဲ့စာတွေကို ပဏာမစိစစ်ပြီး လိုအပ်သူတွေထံ တင်ပြစာ လက်ခံရရှိကြောင်း၊ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်းစာပြန်ကြားတဲ့အကြောင်းနဲ့ ဆောင်ရွက်ပြီးစီးသွားပါက တင်ပြသူထံ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်ကြားပေးတဲ့အပြင် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ အကြံပြုတင်ပြချက်တွေကိုလည်း သက်ဆိုင်ရာဌာနတွေထံ အသိပေးတာ၊ လွှဲပြောင်း ပေးတာတွေ ဆောင်ရွက်တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် တင်ပြချက်တွေထဲမှာ လိပ်မူမဟုတ်ဘဲ မိတ္တူသာပေးပို့တာ တိကျ ခိုင်လုံတဲ့ သတင်းအချက်အလက် အကြောင်းအရာ မည်မည်ရရ မပါရှိဘဲ ပစ်စာသဘောမျိုး ဖြစ်နေတာကိုတော့ သိသာစေသင့် စာအမျိုးအစား အဖြစ်သာသတ်မှတ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေနဲ့ အစိုးရထံ အသိပေးတင်ပြချက်တွေကိုလက်ရှိ စာတိုက်ကနေ တဆင့်သာ ပြုလုပ်နိုင်သေးတာဖြစ်ပြီး မကြာခင် အင်တာနက်အွန်လိုင်းနဲ့ မိုဘိုင်းဖုန်းကနေ SMS သတင်းတို ပို့တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နိုင်ဖို့ မိုဘိုင်းအော်ပရေတာတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတော့ ပြည်သူ့ တင်ပြချက်တွေကို http://www.mpoofficemail.com ၀က်ဆိုက် ကနေလည်းပေးပို့နိုင်တာ ဖြစ်ပြီး လက်ရှိအစိုးရသစ်က တော့ ဒီဝက်ဆိုက် အဟောင်းကို အသုံးမပြတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013