DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ် ၂ စီးတိုက်ပြီး မီးလောင်ကျွမ်း၊ ၁ ဦးသေဆုံး
DVB
·
May 31, 2016
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ် ၂ စီးတိုက်ပြီး မီးလောင်ကျွမ်း၊ ၁ ဦးသေဆုံး
1 / 4
Donate to DVB

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆၁/၁ နှင့် ၆၁/၂ ကြားမှာ ဒီနေ့ မနက် ၁ နာရီ ၄၀ မိနစ်လောက်က ယာဉ် ၂ စီးတိုက်မိပြီး မီးလောင်ကျွမ်းခဲ့ကာ လူ ၁ ဦး သေဆုံးပါတယ်။

မေလ ၃၁ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ်လောက်က ဦးဝင်းနိုင် မောင်းနှင်လာတဲ့ HiJet ယာဉ်ဟာ စက်ချို့ယွင်းတဲ့အတွက် အခြားယာဉ်တစီးနဲ့ ဆွဲယူဖို့ ပြင်ဆင်နေစဉ်မှာ ရန်ကုန်ဘက် ကနေ မောင်းနှင်လာတဲ့ ဖိလစ်ပိုင်နိုင်ငံသား ယာဉ်မောင်း Mr.BALASTA JOSEPTBORAL မောင်းနှင်လာတဲ့ Ford ယာဉ်က Hijet ယာဉ်ကို တိုက်မိရာ ယာဉ် ၂ စီးလုံး မီးလောင်ခဲ့တာပါ။

HiJet ယာဉ်ပေါ်မှာ အမျိုးသာ ၃ ယောက်နဲ့ အမျိုးသမီး ၂ တို့ စီးနင်းလိုက်ပါလာကြပြီး Ford ယာဉ်ပေါ်မှာ ယာဉ်မောင်းတဦးတည်းသာ မောင်းနှင်လာတာဖြစ်ပါတယ်။ HiJet ယာဉ်မောင်းမှာ မော်တော်ယာဉ်အတွင်း ပိတ်မိကာ မီးလောင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က လမ်းအပိုင်း တာဝန်ခံအင်ဂျင်နီယာတွေ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက အမြန်ဆုံးရောက်ရှိပြီး မီးငြိမ်းသတ်တာနဲ့ ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အခုဖြစ်စဉ်ကဲ့သို့ မဖြစ်ပွားစေဖို့ မဖြစ်မနေရပ်တန့်ရမယ်ဆိုပါက လမ်းဘေးလွတ်ကင်းရာမှာ ချရပ်ပါဖို့နဲ့ အချက်ပြမီးတွေ ဖွင့်ထားကြပါဖို့ အသိပေးတိုက်တွန်းထားပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အတွက် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013