DVB Logo
Home
မြန်မာသတင်း
ချင်း​ပြည်နယ်အစိုး​ရက ​ဒေသခံများ​ကို အဓမ္မလုပ်အား​ပေး​ခိုင်း​စေ
DVB
·
September 7, 2011
Donate to DVB

ချင်း​ပြည်နယ်ထဲမှာ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ရုံး​ တာဝန်ရှိသူ​တွေနဲ့​ အစိုး​ရစစ်တပ်​တွေက ​ဒေသခံပြည်သူ​တွေကို အဓမ္မလုပ်အား​ပေး​ခိုင်း​စေ​နေတယ်လို့​ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ချင်း​ပြည်နယ် ဖလမ်း​၊​ ဟား​ခါး​နဲ့​ ထန်တလန် စတဲ့​ မြို့​နယ်​တွေက ဝန်ထမ်း​အပါအဝင် ​ဒေသခံ​တွေနဲ့​ ​ကျောင်း​သား​တွေ အဓမ္မလုပ်အား​ပေး​စေခိုင်း​ခံ​နေရတာ​တွေကို စုစည်း​ပြီး​ ပြည်ပအ​ခြေစိုက် ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​က ထုတ်ပြန်လိုက်တာပါ။

ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၁၉ ရက်ကစပြီး​ စ​နေ​နေ့​တိုင်း​ စည်ပင်သာယာနဲ့​ အစိုး​ရဧည့်​ဂေဟာ ပြုပြင်​ရေး​လုပ်ငန်း​တွေမှာ လုပ်အား​ပေး​ခိုင်း​စေ​နေတယ်လို့​ အစီရင်ခံစာမှာ ​ရေး​ထား​ပါတယ်။

လုပ်အား​မ​ပေး​တဲ့​သူ​တွေကို ဒဏ်​ငွေ ၃၀၀၀ ​ဆောင်ခိုင်း​သလို ဝန်ထမ်း​ထဲက ပျက်ကွက်ပါက လစာအဖြတ်ခံရမယ်လို့​ ခြိမ်း​ခြောက်ခဲ့​ကြောင်း​ ​ပြောပါတယ်။

ဒါ့​အပြင် ဟား​ခါး​အ​ခြေစိုက် အစိုး​ရတပ်ရင်း​ ခလရ ၂၆၆ ကလည်း​ တပ်​ရွှေ့​ ​ပြောင်း​ရေး​မှာ ​ကျောင်း​သား​တွေကို လုပ်အား​ပေး​ခိုင်း​စေတယ်လို့​ ​ပြောပါတယ်။

မေလတုန်း​ကလည်း​ ဖလမ်း​မြို့​နယ်က ရွာသား​တွေဟာ လုံလဲန်အ​ခြေစိုက် ခလရ ၂၆၉ နယ်လှည့်​စစ်​ကြောင်း​မှာ စစ်တပ်ပိုင် ပစ္စည်း​တွေကို ထမ်း​ပိုး​ပေး​ခဲ့​ရတာ​တွေကို တင်ပြထား​ပါတယ်။

ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဆလိုင်း​ ဇအုပ်လိန်း​က “အစိုး​ရအသစ်လည်း​ တက်လာပြီ။ သူတို့​က တရား​ဥပ​ဒေ စိုး​မိုး​ရေး​၊​ လူ့​အခွင့်​အ​ရေး​ ကာကွယ်​ပေး​ရေး​ ဆိုပြီး​ပြောတာ​တွေနဲ့​ လုပ်​ဆောင်ချက်​တွေ တူညီ​စေချင်ပါတယ်။ ချင်း​ပြည်နယ်မှာ ပြည်သူ​တွေ ငတ်မွတ်​ခေါင်း​ပါး​မှုနဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ကြုံ​တွေ့​နေရ​တော့​ အများ​ကြီး​ အခက်အခဲ ရှိတယ်။ ချင်း​ပြည်နယ်မှာ အာဏာအရှိဆုံး​ဖြစ်တဲ့​ ဦး​ဟုန်ငိုင်း​ က​နေ ​ကောင်း​မွန်တဲ့​ လုပ်ရပ်​တွေနဲ့​ နမူနာပြသင့်​တယ်။ အစိုး​ရသစ်က ဘယ်လိုစိတ်ထား​ရှိတယ်ဆိုတာ ပြသင့်​တယ်” လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013