DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် မင်းထက်သာယာဉ်တိမ်းမှောက်၊ ခရီးသည် ၂ ဦးသေဆုံး
DVB
·
May 31, 2016
စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် မင်းထက်သာယာဉ်တိမ်းမှောက်၊ ခရီးသည် ၂ ဦးသေဆုံး
1 / 7
Donate to DVB

စစ်တွေ-ရန်ကုန်ပြေးဆွဲနေတဲ့ မင်းထက်သာခရီးသည်တင်ကား တိမ်းမှောက်လို့ ခရီးသည် ၂ ဦး သေဆုံးသွားပါတယ်။

မင်းထက်သာယာဉ်ပေါ်မှာ ခရီးသည် ၂၂ ဦးတင်ဆောင်လာပြီး မေလ ၃၀ ရက်နေ့ညနေ ၄ နာရီ ကျော်လောက်မှာ စစ်တွေအမ်းလမ်းပိုင်း မိုင်တိုင် ၈/၄ နဲ့ ၈/၅ ကြားတွင် တိမ်းမှောက်သွား တာလို့ အမ်းမြို့နယ်ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ၊ မနေ့က ၄ နာရီလောက်မှာ မှောက်တာပါ။ အမ်းလမ်းပိုင်းပေါ့လေ။ မိုင်တိုင်အမှတ် ၈ /၄ နဲ့ ၈/ ၅ လမ်းအကွေ့မှာ မှောက်တာပါ။ အရှိန်ပြင်းပြင်း မောင်းတယ်လို့ ပြောတယ်။ ရန်ကုန်ကလာတဲ့ကားတစီးကို ရှောင်တိမ်းလိုက်တော့ အရှိန်လွန်ပြီးတော့ မှောက်သွားပေါ့။ နှစ်ယောက်က နေရာမှာ ပွဲချင်းပြီးပဲ။ အသက်၇၀ အမေကြီးတယောက်ရယ်၊ အသက် ၁၄ အရွယ် မိန်းကလေးတယောက်ရယ် ဆုံးသွားပါတယ်။ ခရီးသည် ၂၀ ကျော်ပါတယ်။ အခြားလူတွေကတော့ ဒဏ်ရာရသူတွေ ရကြပါတယ်။ ယာဉ်မောင်းကိုတော့ ကျနော်တို့ အမ်းရဲစခန်းက ဖမ်းဆီးအရေးယူထားပါတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး တာဝန်ကျရဲမှူးက ကားပေါ်မှာ ဝန်များ အဆမတန် သယ်ဆောင်တာကြောင်း အရှိန်မထိန်းနိုင်ဘဲ ကွေ့လိုက်တာ အခါ မှောက်သွားတာ ဖြစ်တယ်။”

ယာဉ်ပေါ်လိုက်ပါလာသူ အသက် ၁၄ နှစ် အရွယ် မမျိုးဆန်းနွယ်နဲ့ အသက် ၇၀ အရွယ် ဒေါ်ဖြူသာမေတို့ ၂ ဦး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ အမ်းမြို့နယ်ရဲစခန်းက ပြောပါတယ်။

မင်းထက်သာကားပေါ်မှာ ပါလာတဲ့အမည်မဖော်လိုသူ ခရီးသည်တဦးက “ကျနော်စိတ်ထဲမှာ မင်းပြားက ထွက်လာကတည်းက စိတ်က တခုခုဖြစ်မလားဆိုပြီး ခံစားရတယ်။ ထည့်လာတဲ့ ဝန်တွေကလည်း အရမ်းများတယ်။ ရေခဲပုံးတွေရော၊ အထုပ်တွေ အများပဲ။ ကျနော်တို့ထိုင်နေတဲ့ နောက်မှာပါ။ ၂ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်”လို့ ပြောပါတယ်။

အချို့ခရီးသည်ဒဏ်ရာရသူများကို အမ်းဆေးရုံးသို့ ခေါ်ဆောင်ဆေးကုမှုခံယူနေပါတယ်။ မင်းထက်သာယာဉ်အမှတ် ၅ က ၆၁၇ ဖြစ်ပြီး မင်းထက်သာယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးကျော်သူရ၊ ခ ဆံရှည် အသက် ၄၀နှစ်ကို အမ်းမြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၈၊ ၃၃၇ တို့နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013