DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ရက် ၁၀၀ စီမံကိန်းလုပ်ဆောင်
DVB
·
May 31, 2016
ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ရက် ၁၀၀ စီမံကိန်းလုပ်ဆောင်
Donate to DVB

ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောရှုပ်ထွေးမှုပြဿ နာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ယာဉ်အန္တရာယ် ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းတွေကို ရက် ၁၀၀ စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။

ယာဉ်ကြောရှုပ်ထွေးတဲ့နေရာတွေမှာ ယာဉ်ထိန်းရဲအင်အားတွေ တိုးမြှင့်ချထားတဲ့ အပြင် အမျိုးသမီးယာဉ်ထိန်းရဲမေတွေပါ နေရာအနှံ့ယာဉ်ကြောရှင်းလင်းမှုတွေ လုပ်ဆောင်နေကြတာပါ။

ယာဉ်ကြောရှုပ်ထွေးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ၂ လမ်းသွားတွေကို အခု ၁ လမ်းမောင်း စနစ်တွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ရွှေတိဂုံဘုရားလမ်းကိုလည်း ယာဉ်ကြောကြပ်တည်း မှုတွေ လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး တလမ်းမောင်းစနစ်ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013