DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီတွင်းပြဿ နာ မဖြေရှင်းပါက ပြည်သူ့အကျိုးစီးပွားထိခိုက်နိုင်ဟု ဆို
DVB
·
May 30, 2016
ကြံ့ခိုင်ရေးပါတီတွင်းပြဿ     နာ မဖြေရှင်းပါက ပြည်သူ့အကျိုးစီးပွားထိခိုက်နိုင်ဟု ဆို
Donate to DVB

ကြံ့ခိုင်ရေးပါတီအတွင်းပြဿနာတွေကို မဖြေရှင်းပါက ပြည်သူလူထုအကျိုးစီးပွားထိခိုက်နိုင်တယ်လို့ အနားပေးခံရတဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်းတွေက နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ဖြစ်ပြီးနောက် အနားပေးခံလိုက်ရတဲ့ ဗဟိုကော်မတီဝင်တွေက ပါတီရဲ့ ပြဿနာဟာ ပါတီအတွင်းမှာပဲ ညှိနှိုင်းဆောင်ရွက်ခြင်းမရှိပါက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆက်စပ်ထိခိုက်နိုင်တယ်လို့ အနားပေးခံရတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးဇော်မြင့်ဖေက ပြောဆိုပါတယ်။

“ဒီလိုကြီးမားတဲ့ ပါတီက သူ့ပြဿ နာကို သူ့အဝိုင်းအဝန်းထဲမှာ မထိမ်းနိုင်ဘဲ ဘောင်ကျော်လာခဲ့ရင် နိုင်ငံတော်နဲ့ ပြည်သူအကျိုးစီးပွားကို တနည်းမဟုတ် တနည်း ဆက်စပ်ပြီးတော့ ထိခိုက်နိုင်တဲ့ အတွက် အခုတကြိမ်လည်း မီဒီယာ ခေါ်ပြီးရှင်းလင်းရတာ ဖြစ်ပါတယ်။”

ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် အင်အားသုံးစီးနင်း ခံရပြီးနောက် ထိပ်ပိုင်းခေါင်းဆောင်တွေ အနားပေးခံရခြင်းရဲ့ အကြောင်း အချက်အလက် ဖြေရှင်းရန်၊ ပါတီညီလာခံတရပ် ကျင်းပရေးစတာတွေကို တောင်းဆိုနေခြင်း ဖြစ်တယ်လို့ အနားပေးခံရတဲ့ ပါတီဝင်ဟောင်းတွေဆီက သိရတာပါ။

“ကျနော်တို့တတွေက ဒါကိုမှန်မှန်ကန်ကန် ရှင်းပြနိုင်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေအရလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ဆိုရင် ပါတီ ပထမညီလာခံစုံညီ ခေါ်ပေးပါဆိုပြီးတော့ အကြိမ်ကြိမ် တောင်းဆိုနေတာ၊ ဒီနေ့လည်း နောက်ဆုံးအကြိမ် တောင်းဆိုပြီးတော့ ဒါကိုဆောင်ရွက်ပေးဖို့ ကျနော်တို့ပြောတာပါ”လို့ ကြံ့ခိုင်ရေးပါတီမှ အနားပေးခံထားရသူ ဦးအေးမောက်က ပြောပါတယ်။

အရင် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ညသန်းခေါင်ယံ အာဏာသိမ်းပွဲလို့ နာမည်ကြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ အတွင်ရေး ပြဿနာတွေနဲ့ ဆက်စပ်ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၁၅ ဦးကို ပါတီက အနားပေးလိုက်တယ် ဆိုတဲ့ အကြောင်းကြား စာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီကနေ အနားပေးခံရသူတို့အနေနဲ့ ပါတီညီလာခံကျင်းပနိုင်ဖို့ မီဒီယာကနေ တဆင့် တောင်းဆိုမှု (၄) ကြိမ်အပြင် ဒီနေ့ မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဗဟိုကော်မတီဝင်များ၊ ပါတီဝင်များ၊ စိတ်ပါဝင်စားတဲ့ ပြည်သူများ၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို လိပ်မူကာ အိတ်ဖွင့်ပေးစာတစောင် ထုတ်ဝေခဲ့ပေမယ့်လည်း ကြံ့ခိုင်ရေးပါတီဘက်မှ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013