DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုများ လွပ်လပ်စွာဆောင်ရွက်နိုင်
DVB
·
May 30, 2016
တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုများ လွပ်လပ်စွာဆောင်ရွက်နိုင်
Donate to DVB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဦးစီးဌာန ၂ ခုပါဝင်နဲ့ ပြည်သူ့အတွက် ပထမရက် ၁၀၀ အတွင်း ဖွဲ့စည်းဆောင်ရွက်မယ်လို့ အစိုးရက ကြေညာပါတယ်။

အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟာ ဖွဲ့စည်းပုံ ယန္တရား မရှိဖူးသေးတဲ့ အသစ်တခုဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်သက်လွင်ကို အဆိုပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဌာနအောက် ထားရှိဖွဲ့စည်းမယ့် ဦးစီးဌာန ၂ ခုကတော့ ‘တိုင်းရင်းသား လူမျိုးများ၏ ဒေသ ဖွံ့ဖြိုးရန်အတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့်ဌာန’ နဲ့ ‘တိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာရန် ဆောင်ရွက်မည့် ဌာန’ တို့ဖြစ်ပါတယ်။

ဝန်ကြီးဌာန ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကြေညာရာမှာ “ဖွဲ့စည်းပုံအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ ပါဝင်ဖွဲ့စည်းသွားရန် အဆိုပြုထားပြီး ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ ရုံးချုပ်ကို ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်နေပြီး ဦးစီးဌာန၂ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ထိ ရုံးဖွင့်လှစ်ဆောင်ရွက်သွာရန် ရည်မှန်းဆောင်ရွက်လျက်ရှိ ပါသည်။ ဦးစီး ဌာန၂ ခုအောက်တွင် ဦးစီးဆောင်ရွက် မည့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း ၅၁၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ ဖွဲ့စည်းလျှင် ဝန်ထမ်းအင်အား ၁၁၃၁ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် အဆိုပြုထားသည်။” လို့ ကြေညာထားပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့“တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” အရ ဆောင်ရွက်တာဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က “တိုင်းရင်းသားတွေဟာ အများအားဖြင့် သူတို့ရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုတွေ သူတို့ လွတ်လပ်စွာ လုပ်ကိုင်လိုတဲ့ဆန္ဒရှိတယ်။ တချို့ဌာနတွေ တချို့ဒေသတွေက ပိတ်ပင်တားဆီးတာ ရှိတယ်။ ဒီလိုမဖြစ်အောင် အခုဝန်ကြီးဌာနက သူတို့ရဲ့စကား၊ စာပေ၊ ယဉ်ကျေးမှုတွေ ထုတ်ဖော်ချင်တယ်၊ သင်ကြားတတ်မြောက်ချင်တယ်ဆိုရင် ကျန်တဲ့တိုင်းရင်းသား၊ သာသနာ၊ ဘာသာရေးနဲ့ မထိခိုက်ဘူးဆိုရင် လွတ်လပ်စွာ သင်ကြားပိုင်ခွင့် ရှိတယ်ဆိုတာကို ကျနော်တို့ ကာကွယ်စောင့်ရှောက်ပေးမယ်လို့ သူတို့ကို ကျနော်တို့ အသိပေးပါတယ်’ လို့ ပြောပါတယ်။

“ဒီစစ်ပြေးဒုက္ခသည်တွေရဲ့ကိစ္စရယ်၊ ဒီကလေးတွေ ပညာသင်ကြားဖို့ကိစ္စရယ်၊ တိုင်းရင်းသားရဲ့ ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာဗဟုသုတရရှိဖို့လည်း ကျနော်တို့က အများကြီးလိုအပ်တယ်။ ဒီတိုင်းရင်းသားရဲ့လူငယ်တွေကို ကျနော်တို့က ကမ္ဘာနဲ့ ရင်ပေါင်တန်းတဲ့ ခေတ်မီတိုးတက်တဲ့ ပညာရေးစနစ်တွေကိုလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးမယ်လို့။ အခြားနိုင်ငံတွေကိုလည်း အကူအညီတောင်းပြီးတော့လက်တွဲဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်လာတဲ့အခါ ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့်နဲ့ ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်တွေဟာ ပေါ်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြေညာချက်မှာ “ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့် တိုင်းရင်းသားလူမျိုးများအားလုံး ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်လာရေး စသည့် အခန်းကဏ္ဍများပေါ်လာလျှင် တိုင်းရင်းသားများ၏ ဒေသတွင် သယံဇာတ ထုတ်ယူသုံးစွဲမှုများ ခွဲဝေသုံးစွဲသည့် စနစ်တစ်ခုမှ နိုင်ငံရေးဆွေးနွေးသည့် အခန်း ကဏ္ဍတွင် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ပေါ်လာသည့်အခါ ပြည်ထောင်စု အစိုးရ လုပ်ပိုင်ခွင့်နှင့် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များသည် ၎င်းအချိန်တွင် ပေါ်ပေါက်လာမည် ဖြစ်သည်” လို့ ပါရှိပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဖြစ်ပွာနေဆဲကာလမှာ တိုင်းရင်းသားတွေအခြေပြုတဲ့ ကျေးရွာတွေ ဟာ စစ်ဘေးဒဏ်ကို အများဆုံးခံစားခဲ့ကြရပြီး အဲဒီထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေဟာ အဆိုးဆုံးခံစားကြရသူတွေဖြစ်ကြပါတယ်။ ဒါ့အပြင် မိခင်ဘာသာစကား၊ စာပေ ယဉ်ကျေးမှု ပြန့်ပွားရေးဆောင်ရွက်ချက်တွေလည်း ကန့်သတ်ခံရ၊ တားမြစ်ခံရတာတွေ ရှိခဲ့ပါတယ်။

စစ်ကြောင့် နယ်စပ်တွေကို ထွက်ပြေးခိုလှုံနေကြတာဟာ ထိုင်း-မြန်မာနယ်စပ်မှာတင် စစ်ပြေး ဒုက္ခသည် တသိန်းကျော်ခန့်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013