DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲခံရသည့် မက္ကဆီကိုတိုက်စစ်မှူးကို စစ်တပ်က ပြန်လည်ကယ်တင် (ရုပ်သံ)
DVB
·
May 30, 2016
ပြန်ပေးဆွဲခံရသည့် မက္ကဆီကိုတိုက်စစ်မှူးကို စစ်တပ်က ပြန်လည်ကယ်တင် (ရုပ်သံ)
Donate to DVB

ပြန်ပေးဆွဲခံရတဲ့ မက္ကဆီကိုတိုက်စစ်မှူး အလန်ပူလီဒိုကို မက္ကဆီကိုစစ်တပ်က ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့က ပြောဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ပူလီဒိုဟာ လက်မှာ ပတ်တီးနဲ့ တွေ့မြင်ရပေမယ့် သူ့ရဲ့ အခြေအနေကောင်းမွန်တယ်လို့ ပြောဆိုပါတယ်။ မက္ကဆီကိုစစ်တပ်က တနင်္ဂနွေနေ့ညက ကယ်တင်ခဲ့တယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အသေးစိတ် တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဂရိဘောလုံးကလပ်တခုဖြစ်တဲ့ အိုလံပီယာကော့စ် ဘောလုံးအသင်း တိုက်စစ်မှူးလည်းဖြစ်ပြီး မက္ကဆီကိုအရှေ့မြောက်ပိုင်းက တမ္မူလီပက်စ် ပြည်နယ် သူ့ရဲ့ ဇာတိမြို့ စီအူဒဒ် ဗစ်တိုးရီယားမြို့မှာ စနေနေ့ညပိုင်းက ပြန်ပေးဆွဲခံလိုက်ရ တယ်လို့ ဆိုပါတယ်။

ပျော်ပွဲစား ပါတီတခုကနေ အပြန်မှာ လက်နက်ကိုင်ထားတဲ့ သူတွေက ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။ တမ္မူလီပက်စ် ပြည်နယ်ဟာ မက္ကဆီမှာ အကြမ်းဖက်မှုတွေ ထူပြောတဲ့ ဒေသ ဖြစ်ပါတယ်၊ ၂၀၁၄ ဘရာဇီး ကမ္ဘာဖလားတုန်းကလည်း မက္ကဆီကို အသင်းရဲ့  တိုက်စစ်မှူးအဖြစ် ကစားခဲ့သလို၊ ဂရိကလပ် လီဗာဒီယာကော့စ်အသင်းနဲ့ မက္ကဆီကို ကလပ် တီဂရီစ် အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013