DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှုကိစ္စ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
DVB
·
May 30, 2016
ရနောင်းလူသတ်မှုကိစ္စ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရနောင်းလူသတ်မှု ကိစ္စကို ရန်ကုန်မြို့ရှိ Orchid Hotel မှာ ဒီကနေ့ မေလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရနောင်းလူသတ်မှုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဒီရနောင်းလူသတ်မှုကိစ္စကို သမ္မတကြီးအနေနဲ့ တိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူများကို တရားဝင်အကြောင်းကြားပြီး ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခု စက်တင်ဘာလက ထိုင်းနိုင်ငံ ရနောင်းမြို့က ဆယ်ကျော်သက် ကျောင်းသူတဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးဟာ ရနောင်းရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံထွက်ဆိုခဲ့ရတာဖြစ်တယ်လို့ ၂၀၁၅ ခု ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

၂၀၁၅ ခု စက်တင်ဘာလတုန်း ဖြစ်ပွားခဲ့တဲ့ ရနောင်းလူသတ်မှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်တဲ့ မိုးဇင်အောင် အသက် ၁၉ နှစ်၊ ဇော်လေး အသက် ၂၅ နှစ်၊ မောင်စိန် အသက် ၂၀ နှစ်၊ ကျော်စိုးဝင်း အသက် ၁၈ နှစ်တို့ ၄ ဦးကို လူသတ်မှုနဲ့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ မြန်မာ ၄ ဦးရဲ့ ဆွေမျိုးတွေနဲ့ ရှေ့နေတွေက သူတို့ ၄ ဦးကို ဖမ်းဆီးခဲ့တဲ့ အောက်တိုဘာ ၂၀ ကနေ ၂၄ ရက်အတွင်းမှာ မျက်နှာကို အ၀တ်နဲ့ စည်းပြီး သေနတ်ပြ ခြိမ်းခြောက်တာတွေ၊ ပလတ်စတစ်အိတ်စွပ်ပြီး မွန်းအောင်လုပ်ကာ လိင်အင်္ဂါကို ထိုးနှက်ကန်ကျောက်တာတွေ လုပ်ပြီး နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲတွေဟာ အခင်းဖြစ်တဲ့နေ့က ကျူးလွန်ခဲ့တဲ့နေရာနဲ့ အချိန်ကို အမိန့်ပေးစေခိုင်းပြီး လက်မှတ်ရေးထိုးစေခဲ့ကာ သတင်းထုတ်ပြန်ချက်ကို သဘောတူ လက်မှတ်ထိုးဖို့ နာမည်နဲ့တကွ ဖိအားပေး စေခိုင်းခဲ့တာ ဖြစ်တယ်လို့ ကျော်စိုးဝင်းက ပြောပါတယ်။

ရနောင်းမြို့ ဘန်လင်းရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် နန်းဆောင် အောလ၀ီ ဖမ်ဖောဝ်းထောင်း ခေါ် အက်ပဲလ်ဟာ ၂၀၁၅ စက်တင်ဘာ ၂၈ ရက်နေ့က တကိုယ်တည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက် ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ အရိုက်ခံရတဲ့ ဒဏ်ရာ ၁၇ ခုနဲ့ သေဆုံးသွားခဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013