DVB Logo
Home
မြန်မာသတင်း
မန္တလေးသို့ပို့ဆောင်မည့် ကျပ် ၄၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
DVB
·
May 30, 2016
မန္တလေးသို့ပို့ဆောင်မည့် ကျပ် ၄၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
1 / 2
Donate to DVB

မန္တလေးကိုပို့ဆောင်မယ့် ငွေကျပ် ၄၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁သန်းကျော်ကို ရှမ်းပြည်နယ် ကောင်းခါး-ကွတ်ခိုင်လမ်းပေါ်မှာ မူဆယ်နဲ့ ကွတ်ခိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

မေလ ၂၈ ရက်နေ့က ကောင်းခါး-ကွတ်ခိုင်လမ်း၊ ယူကလစ်တောမှာ ယာဉ်မောင်း အောင်အောင်(ခ)ယေစောင့်တဲ့ မောင်းနှင်လာတဲ့ ၁၂ ဘီးတပ်ကုန်တင်ကားတစ်စီးကို သတင်းအရရပ်တန့် စစ်ဆေးရှာဖွေရာမှာ ပေပါခွံတွေအောက်မှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ မူးယစ်ဆေးဝါးတွေ အများအပြားကို ဖမ်းဆီးမိခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းပြားစီပါ ဆာလာအိတ် ပေါင်း ၁၀၀ အိတ်၊ ၂ ဒသမ ၁ သိန်းပါ ဆာလာအိတ် ၅ အိတ်၊ စုစုပေါင်း ဆာလာအိတ် ၁၀၅ အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ပေါင်း ၂၁၀ ဒသမ ၅ သိန်း( ကာလတန်ဘိုး ၄၂၁၀၀၀ သိန်း) အား သိမ်းဆည်းရမိ ခဲ့တယ်လို့ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ရာ လျိုဇီရှောင် က အောင်ဆန်း အား အောင်အောင် (ခ)ယေစောင့်တဲ့ မောင်းသည့်(၁၂) ဘီးယာဉ်ဖြင့် ဟိုနမ့်ရွာအနီးမှ စိတ်ကြွဆေးပြားများ တင်ဆောင်၍ မန္တလေးပို့ဖို့ ခိုင်းစေခဲ့တဲ့အတွက် သယ်ဆောင်ခဲ့ပြီး အောင်ဆန်းမှာ မတ်တူး(အဖြူရောင်)နဲ့ ရှေ့ပြေးကြိုတင် ထွက်ခွာသွားခဲ့ပါတယ်။ မေလ ၃ ရက်နေ့က လျိုဇီရှောင်ဟာ မန္တလေးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇ ဒသမ ၀၇၈ သိန်းပြား၊ အိုက် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ဒသမ ၀၂ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၃၇ ကီလို နှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုရဲ့ အဓိက တရားခံဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူဖြစ်ပါတယ်။ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး အောင်အောင် (ခ)ယေစောင့်တဲ့၊ အောင်ဆန်း (ဖမ်းမမိသေး)၊ လျိုဇီရှောင်(ခ) ကျော်ကျော်(ခ) အိုက်ပေါင် (ဖမ်းမမိသေး) တို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။။

အလားတူ မေ ၂၈ ရက်ကလည်း ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲမှ ကျိုင်းတုံမြို့နယ်၊ နောင်ဖာဂိတ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၅ သိန်းပြား (ကာလတန်ဘိုး ၁၂၅၀၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ်တွင် ဘိန်းဖြူ ဘလောက်တုံး ၉၇ တုံး(အလေးချိန် ၃၃ ဒသမ ၉၅ ကီလို၊ ကာလတန်ဘိုး ၅၄၃၂ သိန်း) သိမ်းဆည်း ရမိတဲ့အတွက် အရေးယူထားတယ်လို့ သိရပါတယ်။။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013