DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဝန်ကြီးဌာနကို ၀န်ထမ်း ၁၁၀၀ ကျော်ဖြင့် ဖွဲ့စည်းလုပ်ကိုင်မည်
DVB
·
May 29, 2016
တိုင်းရင်းသားဝန်ကြီးဌာနကို ၀န်ထမ်း ၁၁၀၀ ကျော်ဖြင့် ဖွဲ့စည်းလုပ်ကိုင်မည်
Donate to DVB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဦးစီးဌာန ၂ ခု၊ ၀န်ထမ်းအင်အား ၁၁၀၀ကျော်နဲ့ ဖွဲ့စည်းလုပ်ကိုင်သွားမယ်လို့ ဌာနက သတင်းထုတ်ပါတယ်။

တိုင်းရင်းသားလူမျိုးများအားလုံး ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာရေး စတဲ့ ရည်မှန်းချက်များကို အကောင် အထည်ဖော်လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဆိုပါတယ်။

အဲ့ဒီရည်မှန်းချက်တွေ လုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဦးစီးဌာန ၂ ခု၊ ၀န်ထမ်းအင်အား ၁၁၀၀ ကျော်နဲ့ တနိုင်ငံလုံးအနှံ့ ဖွဲ့စည်းလုပ်ဆောင်သွား မှာဖြစ်ကြောင်းလည်း ဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားလူငယ်တွေကို ပညာဗဟုသုတကြွယ်ဝဖို့၊ အဘက်ဘက်မှပြည့်စုံပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ဖို့၊ ခေတ်မီ တိုးတက်တဲ့ ပညာရေးစနစ်တွေကို ကူညီ ပံ့ပိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအရ ၀န်ကြီးဌာနအောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ဌာန၊ တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာဖို့ ဆောင်ရွက်မယ့်ဌာနဆိုပြီး ဌာန ၂ ခု ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းလိုက်တဲ့ ဒီဌာနမှာ အလုပ်လုပ်ကြမယ့် ၀န်ထမ်း ၁၁၀၀ ကျော်ဟာ ဘယ်ဌာနက ၀န်ထမ်းတွေကို လွှဲပြောင်းရယူထားတာလည်း ဒါမှမဟုတ် ၀န်ထမ်းအသစ်တွေခေါ်ပြီး ခန့်အပ် လုပ်ကိုင်စေတာလား ဆိုတာတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013