DVB Logo
Home
မြန်မာသတင်း
လယ်မြေပြဿနာ အမြန်ပြီးပြတ်ရေး လုပ်ဆောင်မည် ဒုသမ္မတပြော
DVB
·
May 29, 2016
လယ်မြေပြဿနာ  အမြန်ပြီးပြတ်ရေး လုပ်ဆောင်မည် ဒုသမ္မတပြော
Donate to DVB

လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ပြီးပြတ်စေရေး အကောင်အထည်ဖော်လုပ်ဆောင်သွားမယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောလိုက်ပါတယ်။

မနေ့က နေပြည်တော် သမ္မတရုံးမှာပြုလုပ်ခဲ့တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီစည်းဝေးပွဲမှာ ဒုသမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ လယ်ယာမြေဆိုင်ရာ လူမှုအဖွဲ့အစည်းတွေမှ ပုဂ္ဂိုလ်တွေ၊ တောင်သူလယ်သမား ကိုယ်စားလှယ်တွေပါဝင်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ မြေယာပြဿနာတွေကို ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူတဲ့ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွား မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြေပြဿနာများဖြေရှင်းပေးဖို့ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013