DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် မထိုးသေးသည့် အဖွဲ့များကို အစိုးရက ဇွန်လတွင် လိုက်တွေ့မည်
DVB
·
May 29, 2016
အပစ်ရပ် မထိုးသေးသည့် အဖွဲ့များကို အစိုးရက ဇွန်လတွင် လိုက်တွေ့မည်
Donate to DVB

အစိုးရက အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကို ဇွန်လအတွင်း လိုက်လံတွေ့ဆုံသွားမယ်လို့ ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

မေ ၂၈ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စည်းဝေးပွဲအပြီး ကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပြောကြားရင်း သူက ခုလို ပြောခဲ့တာပါ။

“ရှေ့လုပ်ငန်းစဉ်ကတော့ မူဘောင်ကို ပြန်ပြင်ဖို့ရှိတယ်၊ မူဘောင်ပြင်တာကိုတော့ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါဝင်နိုင်ဖို့ နောက်တလ တလခွဲလောက်အထိ ရွှေ့ထားပြီးတော့ လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လိုက်တွေ့ဖို့ ပြင်နေတယ်။” ဒီလုပ်ငန်းစဉ်အားလုံးကို ဇွန်လအတွင်း ပြီးအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

အစိုးရက လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လိုက်တွေ့ဖို့လုပ်နေပြီး တဘက်မှာလည်း လူမှုရေးအဖွဲ့တွေ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ ပါတီတွေနဲ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့အရေး ဆွေးနွေးဖို့ ပြင်နေပါတယ်။

ငြိမ်းချမ်းရေးညီလာခံအကြို ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက အဲ့ဒီအဖွဲ့တွေနဲ့ တွေ့ဖို့ ပြင်နေပုံကို ခုလို ပြောပါတယ်။

“အခုက ဒီဘက်တဖက်မှာ စီအက်စ်အိုဖိုရမ်တွေ လုပ်သွားမယ်ဆိုတဲ့ နေရာကျတော့လည်း ရွေးကောက်ပွဲမှာ တနေရာမှ မရတဲ့ နိုင်ငံရေးပါတီတွေလည်း စီအက်စ်အိုဖိုရမ်မှာ ဖြစ်သွားမယ်၊ ဟိုဘက်မှာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍကိုပဲ ဆွေးနွေးပြီး ကျန်တဲ့ ကိစ္စရပ်တွေကျ ဒီဘက် စီအက်စ်အိုဘက်မှာ ဆွေးနွေးမယ်။”

ရွေးကောက်ပွဲ အနိုင်မရတဲ့ပါတီတွေ စီအက်စ်အိုဖိုရမ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာထားတယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကျင်းပ နိုင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်သင့်တဲ့ အဖွဲ့အား လုံးပါဝင်လာရေးကို တစ်ပြိုင်နက် လုပ်မယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013