DVB Logo
Home
မြန်မာသတင်း
မော်ချီးက ရဲအရာရှိ သေနတ်ပစ်ဖောက် ခြိမ်းခြောက် (ရုပ်သံ)
DVB
·
May 28, 2016
မော်ချီးက ရဲအရာရှိ သေနတ်ပစ်ဖောက် ခြိမ်းခြောက် (ရုပ်သံ)
Donate to DVB

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စုမှာ အရပ်ဝတ်ရဲအရာရှိတဦးက ဒေသခံတွေနဲ့ ပြဿ နာ ဖြစ်ပွားခဲ့ပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ကာ ခြိမ်းခြောက်ခဲ့ပါတယ်။

မေ ၂၇ ရက်က မော်ချီး ကျေးရွာအုပ်စုက အရာရှိတဦးဟာ အလင်းတန်းကျေးရွာမှာ ရွာသားတွေ အရက်ဘီယာ ရောင်းတာကို ဖမ်းမယ်လို့ ပြောဆိုတာကြောင့် ဒေသခံတွေက ဖမ်းဝရမ်းပြဖို့ တောင်းဆိုရာကနေ အခင်းဖြစ်ပွားပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ခဲ့တာ ဖြစ်ပါတယ်။

“လာတိုင်လို့ သွားကြတော့ ဒီပြဿနာတွေ ဖြစ်ကြတယ်လို့တော့ ကြားတယ်” လို့ အမည်မဖော်လိုတဲ့ ဖာဆောင်းမြို့နယ် ရဲတပ်ဖွဲ့က အရာရှိတဦးက အတည်ပြုပါတယ်။

ဖာဆောင်းမြို့နယ် ရဲတပ်ဖွဲ့ အထက်အရာရှိတွေက ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ အခင်းဖြစ်ပွားရာ နေရာကို သွားရောက်နေတယ်လို့လည်း ဆိုပါတယ်။

သေနတ်ပစ်ဖောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ အမည်နဲ့ ရာထူးကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ရဲအရာရှိနဲ့ ရွာသားတွေ အချင်းများရာကနေ သေနတ်ကို မိုးပေါ်ထောင်ပစ်တဲ့ ဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းရိုက်ကူးထားပြီး ဒေသခံတဦးက လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ်ကို တင်ခဲ့ပါတယ်။

ရုပ်သံ - Thein Tun Oo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013