DVB Logo
Home
မြန်မာသတင်း
ဝေဿ န္တရာ ဦးစိုးတင့် ဆိုက်ကားဆရာများကို သိန်း ၆၁၀ ထပ်မံလှူဒါန်း
DVB
·
May 28, 2016
ဝေဿ      န္တရာ ဦးစိုးတင့် ဆိုက်ကားဆရာများကို သိန်း ၆၁၀ ထပ်မံလှူဒါန်း
1 / 9
Donate to DVB

နေပြည်တော်၊ ပျဉ်းမနားမြို့ရဲ့ ပြည်သူတွေကြားမှာ ဝေဿ  န္တရာလို့ နာမည်ကြီးနေတဲ့ ဦးစိုးတင့်ဟာ ပျဉ်းမနားမြို့၊ ပေါင်းလောင်း ၁၄ လမ်း၊ ဘောဂ၀တီရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင်က ဆိုက္ကားဆရာ ၆၁၀ ဦးကို ငွေကျပ် ၁သိန်းစီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ပျဉ်းမနားမြို့မှာရှိတဲ့ အေးငြိမ်းချမ်းသာဂိလာန ဘိုးဘွားရိပ်သာမှာ အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အလှူငွေ လက်ခံရရှိခဲ့တဲ့ ဆိုက်ကားဆရာတဥိးက "ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရတာလေးနဲ့ အကြွေးဆပ်မယ်။ ကလေး ကျောင်းစရိတ်လည်းရတာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်ကလည်း ပျဉ်းမနားမြို့မဈေး အနှေးယာဉ်လုပ်သား ၅၀ ဦးကို တဦး ၁ သိန်းးစီနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပြီး မေ ၁၉ ရက်မှာတော့ ပျဉ်းမနားမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း တည်ရှိရာနေရာမှာ ဆိုက္ကားအစီးပေါင်း ၆၃၀ အတွက် ကျပ်သိန်း ၆၃၀ လှူဒါန်းခဲ့ပါတယ်။

စိုးလျှပ်စစ်ကုမ္ပဏီပိုင်ရှင် ဦးစိုးတင့်ဟာ ပျဉ်းမနားမြို့မှာရှိတဲ့ အေးငြိမ်းချမ်းသာဂိလာန ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်း၊ တံတား၊ ဘိုဘွားရိပ်သာ တည်ဆောက်တာ၊ ပညာသင်ဆုချီးမြှင့်ပေးတာနဲ့ အခြားလှူဒါန်းတာတွေကိုလည်း အကုန်အကျခံ လှူဒါန်းနေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013