DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ရမည်မဟုတ်
DVB
·
May 27, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ရမည်မဟုတ်
1 / 5
Donate to DVB

ကျင်းပဖို့ရှိနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လက်ရှိလွှတ်တော်တရပ်ရပ်မှာ အနည်း ဆုံး ကိုယ်စားလှယ်တဦးရှိတဲ့ နိုင်ငံရေးပါတီတွေကိုသာ ကိုယ်စားလှယ်အဖြစ်ထည့်သွင်းမယ်လို့  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော် မတီ (UPDJC) အစည်းအဝေးမှာ  ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးအဖွဲ့အစည်းများရဲ့ပါဝင်မှုဟာ နိုင်ငံရေးအဖွဲ့အစည်းများက ပြည်သူလူထုကို လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုမှုအပေါ် အခြေခံပြီးတော့ ဆောင်ရွက်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ပြောချင်တာကတော့ ၉၀ ကျော်သော နိုင်ငံရေးပါတီအားလုံးမဟုတ်ဘဲနဲ့ လွှတ်တော်တခုမဟုတ်တခုမှာ အနည်းဆုံးကိုယ်စားလှယ်တဦးပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ကျမတို့ ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ထည့်ဖို့မူဆိုတာကို ကိုင်စွဲထားပါတယ်။” လို့ ပြောပါတယ်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်တဲ့အနက် ပါတီ ၂၂ ပါတီကသာ ကိုယ်စားလှယ်တွေ ရွေးချယ်ခံခဲ့ရတာကြောင့် နိုင်ငံရေးပါတီ ၇၀ နီးပါးက ကိုယ်စားလှယ်တွေတော့ ညီလာခံ တက်ရောက်ခွင့်ရမှမဟုတ်ပါဘူး။

ဒီဆုံးဖြတ်ချက်ဟာ ညီလာခံကို ဖောင်းပွမှုမရှိစေဘဲ ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်စေချင်လို့ဖြစ်ကြောင်းနဲ့ ညီလာခံမှာ ပါဝင်ခွင့်မရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ခွင့်မရတဲ့ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေ (CSOs) အတူ ပါဝင်ဆောင်ရွက်နိုင်မယ့် ညီလာခံကျင်းပချိန်နဲ့ တပြိုင်နက်တည်းကျင်းပနိုင်မယ့် ဖိုရမ်တခုကို ထူထောင်ပေးဖို့စဉ်းစားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ညီလာခံရဲ့ အဓိကလိုအပ်ချက်ကတော့ ထိထိမိမိနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ဟာ CSO အပြိုင်ဖိုရမ်တခုကို ထူထောင်မယ်လို့ မူအရ စဉ်းစားထားပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒီနေ့အစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်ပြီးတော့ ချောချောမွေ့မွေ့ လုပ်သွားဖို့ ဖြစ်တယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၂ ပိုင်းခွဲပြီးလုပ်မယ်၊ တပိုင်းက အရင် အမ်ပီပီစီလို့ခေါ်တဲ့ အဖွဲ့အစည်းကို ပြန်ပြီး ဖွဲ့စည်းမယ်၊ နောက်တပိုင်းကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ပြင်ဆင်ရေး ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့စည်းဝေးပွဲကို အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၀င်တွေ တက်ရောက်ခဲ့ကြပြီး ပြင်ဆင်ဖွဲ့စည်းမယ့် ကော်မတီကိစ္စကို ၂ ရက်ကြာ ဆွေးနွေးကြမှာပါ။

အစိုးရတာဝန်ရှိသူတွေနဲ့ အခုတက်လာတဲ့ ကော်မတီဝင်တွေ အကျေအလည်ဆွေးနွေးပြီး မှ ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချမှာလည်း ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့တဲ့ UPDJC မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် ၁၆ ဦးနဲ့  နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦးတို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013