DVB Logo
Home
Lead Story
ရခိုင်စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းရန် ပန်းချီပြပွဲ ခင်းကျင်းပြသ (ဓာတ်ပုံ)
DVB
·
May 27, 2016
ရခိုင်စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းရန် ပန်းချီပြပွဲ ခင်းကျင်းပြသ (ဓာတ်ပုံ)
1 / 11
Donate to DVB

ရခိုင်ပြည်နယ်မှစစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် TITLED & UNTITLED လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၁ လမ်းအောက်ဘလောက်ရှိ Cloud 31 Gallery မှာ မေလ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်း ပြသနေပါတယ်။

အဲ့ဒီပြပွဲမှာ ပန်းချီဆရာ ကိုမင်းသူရိန်က ကိုရဲလွင်ရဲ့ ပုံတူပန်းချီကားတွေကို ပြသသွားမှာဖြစ်ပြီး ပန်းချီဆရာ ကိုရည်နန်းသိုက်က မြင်တွေ့နေကျ ပန်းချီကားတွေလိုမဟုတ်ပဲ ဆေးစပ်ပြားပေါ်မှာ ဆေးပိုတွေခြစ်ကာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ပြပွဲအမှတ်တရ အင်္ကျီလေးတွေကို တထည် ၅ ထောင်ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ရောင်းချလို့ရတဲ့ ပိုက်ဆံကို ရခိုင်စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမှဖြစ်ပါတယ်။ ပန်းချီကားရောင်းလို့ရတဲ့ ပိုက်ဆံကိုလဲ လှူ ဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နွယ်လေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013