
မန္တလေးတိုင်း၊ မတ္တရာမြိုနယ်အနောက်ခြမ်းက ကျေးရွာ ၃ ရွာကို စစ်တပ်က အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အမျိုးသမီး ၃ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာ ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး၊ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကြဲချတာက မတ္တရာနယ် အနောက်တောင်ခြမ်း မိုးကြိုးရွာ၊ ရေလယ်ကျွန်း ရွာနဲ့ အိုင့်ဒိုင်ရွာတွေကို ကြဲချသွားတာ။ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီရွာတွေကို လေယာဉ်နဲ့ ၄ ကြိမ်ပတ်ဝဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးတပ်ရဲ့ ပြန်ကြား ရေးတာဝန်ရှိသူ ဆရာဒေါင်းက “မိုးကြိုးရွာက ပြည်သူ ၅ ယောက် ကနဦးထိခိုက်ဒဏ်ရာရရှိတာ။ ဆေးကုသရင်း တဦးက သေဆုံးတယ်။ အိုင့်ဒိုင်ရွာ က အမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်။ သေဆုံးတာက ၃ ဦး၊ ဒဏ်ရာရတာက ၄ ဦးပါ” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်လည်စိုးမိုးရေးလုပ်နေပြီဂ ဒေသခံကျေးရွာတွေက ပြည်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။











