DVB Logo
Home
မြန်မာသတင်း
အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
DVB
·
May 27, 2016
အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
1 / 4
Donate to DVB

အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို နေပြည်တော် က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ မေလ ၂၇ ရက်ကနေ ၂၈ရက်နေ့အထိ ၂ ရက်ကြာကျင်းပနေပါတယ်။

အဲ့ဒီဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို လုပ်သားထုရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနဲ့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဆောင်ရွက်နေမှု အခြေအနေတွေကို မျှဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်သားထုရဲ့ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းတွေသတ်မှတ်နိုင်ဖို့ စတဲ့ရည်ရွယ်ချက် တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013