DVB Logo
Home
မြန်မာသတင်း
မန္တလေးဆိပ်ကမ်းကို ရန်ကုန်ဆိပ်ကမ်းကဲ့သို့ ပြောင်းလဲမည်
DVB
·
May 26, 2016
မန္တလေးဆိပ်ကမ်းကို ရန်ကုန်ဆိပ်ကမ်းကဲ့သို့ ပြောင်းလဲမည်
Donate to DVB

မန္တလေးဆိပ်ကမ်းကို ရန်ကုန်ဆိပ်ကမ်းလို ကုန်သေတ္တာတင်ချနိုင်တဲ့ ဆိပ်ကမ်းအဖြစ် တည်ဆောက်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်မှူး ဦးထွန်းနိုင်ဦးက "ရန်ကုန်မှာလိုပဲ ကုန်သေတ္တာတင် သင်္ဘောတွေ မန္တလေးကိုဆိပ်ကမ်းကို လွယ်ကူစွာ သွားလာနိုင်အောင် ရေလမ်းပြုပြင်ခြင်းတွေ၊ ဆိပ်ကမ်းကိုလည်း ရန်ကုန်ဆိပ်ကမ်းလိုပဲ စက်ယန္တရားတွေနဲ့ အတင်အချပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းမျိုးဖြစ်အောင်လုပ်သွားဖို့ ရှိပါတယ်။ အရင်ကရော၊ အခုရော သွားလာနေတဲ့ ဆိပ်ကမ်းတွေကို အဓိကထား အဆင့်မြှင့်မယ်။ ရန်ကုန်ကတော့ ရှိနေပြီးသားဖြစ်တယ်လေ။" လို့ ပြောပါတယ်။

မန္တလေး၊ ဗန်းမော်၊ မုံရွာ၊ မကွေး၊ ပခုက္ကူ၊ ကလေးဝ စတဲ့မြို့တွေက ဆိပ်ကမ်းတွေကို အဆင့်မြှင့် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန် - မန္တလေးကို ကုန်စည်တင်ပို့နေကြရာမှာ ကားနဲ့တင်ပို့ပါက ၁ တန်ကို ကျပ် ၂၂၇၀၀ ကျပြီး မီးရထားနဲ့ တင်ပို့ရာမှာတော့ ကျပ် ၁၃၀၀၀ ကျကာ ရေလမ်းခရီးဖြစ်တဲ့ သင်္ဘောနဲ့ တင်ပို့ရာမှာတော့ ၁ တန်ကို ကျပ် ၆၀၀၀ သာ ကုန်ကျပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်လမ်းလျှောက်ရေလမ်းပိုင်းတွေမှာ နေ့ညမပျက် ကုန်စည်တင်ပို့ သင်္ဘောတွေ သွားလာနိုင်အောင် ရေလမ်းကြောင်းပြုပြင်မှုကို ၅ နှစ်အတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိပ်ကမ်းတွေကိုလည်း ကုန်တင်သင်္ဘောကြီးတွေ လွယ်ကူစွာ ဆိုက်ကပ် နိုင်ဖို့ ဆိပ်ကမ်းပြုပြင်တာတွေကိုပါ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဧရာဝတီမြစ်တစ်လျှောက်က ရေလမ်းပိုင်း ၃၄ ပိုင်းအတွက် အဆင့်မြှင့် ပြုပြင်ထိန်းသိမ်းဖို့ ကျပ် သန်း ၂၃ ဘီလီယံ ကုန်ကျနိုင်ပြီး ချင်းတွင်းမြစ်တစ်လျှောက်က ရေလမ်းပိုင်း ၂၀ နေရာ အတွက်ကတော့ ကျပ်သန်း ၁၆ ဘီလီယံကျော် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထွက်ချက်ထား ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရတာပါ။

စီမံကိန်းထဲမှာ ရေအနက်အမြင့် တိုးတက်လာရေးအတွက် မြစ်ကြမ်းပြင် ရှင်းလင်းတာ၊ သောင်တူးတာ၊ မြေထိန်းနံရံတွေ တည်ဆောက်တာ စတာတွေနဲ့ နေ့ည အချိန်မရွေး သွားလာနိုင်ရေးအတွက် ရေလမ်းကြောင်း အချက်ပြတိုင် (အချက်ပြဘော) တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။

ရေလမ်းကြောင်းအချက်ပြတိုင်တွေကို ၁ ကီလိုမီတာအကွာ တခုနှုန်းနဲ့ ထားရှိမှာဖြစ်ပြီး ဧရာဝတီ မြစ်တလျှောက်မှာဆိုရင် အခု ၂၀၀၀ ကျော်နဲ့ ချင်းတွင်းမြစ်တလျှောက်မှာဆိုရင်တော့ အခု ၁၀၀၀ ကျော်ထားရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013