DVB Logo
Home
မြန်မာသတင်း
တွန်းလှည်းဈေးသည် ရွှေ့ပြောင်းအလုပ်သမား ၇ ဦး အဖမ်းခံရ
DVB
·
May 26, 2016
တွန်းလှည်းဈေးသည် ရွှေ့ပြောင်းအလုပ်သမား ၇ ဦး အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခွင့်ပြုချက်မရဘဲ ဈေးလည်ရောင်းနေတဲ့ ရွှေ့ပြောင်း အလုပ်သမား ၇ ဦးကို ထိုင်းအာဏာပိုင်တွက ဖမ်းဆီးလိုက်တယ်လို့ အမ်ခွတ် ထိုင်းသတင်း ဌာနမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့လယ် ယောဝ်းဝါရာ့ခ်ျလမ်းဘေး ပလက်ဖောင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ဈေးရောင်းနေတယ်လို့ သတင်းရလို့ မေလ ၂၄ ရက် ည ၁၀ နာရီကျော်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အင်အား ၅၀ ကျော်က သွားရောက်စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မရဘဲ ဈေးရောင်းနေသူ ၇ ဦးကို ဖမ်းမိခဲ့တာလို့ ထိုင်းပြည်ထဲရေးဌာန စုံစမ်းရေးနဲ့ ဥပဒေရေးရာညွှန်ကြားရေးမှူး နိုင်းဆဒ်ဒီချိုင်း ဒိုင်ဟော့က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေ အားလုံးဟာ ပလက်ဖောင်းမှာ တွန်းလှည်းနဲ့ သစ်သီးဖျော်ရည်လည်ရောင်းနေတဲ့ သူတွေဖြစ်ကြောင်း၊ သစ်သီးဖျော်ရည် အရောင်လှအောင် ဆိုးဆေးပါထည့်သုံးတဲ့အကြောင်းလည်း ၀န်ခံခဲ့တယ်လို့ ညွှန်မှူးက ဆက်ပြောပါတယ်။

လောလောဆယ် အဲဒီရွှေ့ပြောင်းအလုပ်သမားတွေကို ခွင့်ပြုချက်ပေးတဲ့အလုပ်နဲ့ ကွဲလွဲမှု၊ ကန့်သတ်ထားတဲ့ လူသွားလမ်းပေါ် ဈေးရောင်းမှုတွေနဲ့ အရေးယူထားပြီး သူတို့ရောင်းချတဲ့ သစ်သီးနဲ့ သစ်သီးဖျော်ရည်တွေကိုတော့ အစားအစာနဲ့ဆေးဝါးဆိုင်ရာကော်မတီဆီ ပို့ဆောင်စစ်ဆေးဆဲရှိကာ ပြည်သူအတွက် အန္တရာယ်ဖြစ်စေတဲ့ အထားခံဆေး/ဆိုးဆေးတွေ တွေ့ရှိရင် ဥပဒေအရ အရေးယူခံရမယ်လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေကို အိမ်ဖော်၊ ပန်းရန်၊ စက်ရုံလုပ်သား၊ ခြံလုပ်သား၊ ရေလုပ်သား စတဲ့ အလုပ်ကြမ်းတွေမှာသာ လုပ်ခွင့်ပေးပြီး ကိုယ်ပိုင်အလုပ် လုပ်ခွင့်(အလုပ်ရှင်ဖြစ်ခွင့်) ကို  ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013