DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ရေကြီးရေလျှံမှု ဖြေရှင်းပေးရန် တောင်းဆို
DVB
·
May 26, 2016
ရန်ကုန် ရေကြီးရေလျှံမှု ဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

ရန်ကုန်မှာ ရေကြီးရေလျှံမှုတွေ ဖြေရှင်းနိုင်ဖို့ မြစ် ချောင်းတွေ နက်အောင် ပြန်တူးဖော်ပေးဖို့ လိုအပ်တယ်လို့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်၊ ရန်ကုန်မြို့မှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ရန်ကုန်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းတွေ၊ မြစ်တွေ နက်အောင် ပြန်တူးဖို့ လိုအပ်တယ်လို့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာချုပ် ဒေါက်တာအောင်မြင့်မော်က ပြောဆိုလိုက်တာပါ။

“ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လှိုင်မြစ်တို့၊ ငမိုးရိပ်ချောင်းတို့၊ ပဲခူးမြစ်တို့ကို ကျနော်တို့က သောင်ခုတ်တဲ့စက်နဲ့ ဘက်လယ်ဗယ်ကို ချလိုက်ရမှာ။ ဘက်လယ်ဗယ်မှာ ရှိနေတဲ့ အမှုန်တွေ၊ အမွှားတွေ၊ သဲတွေ၊ ခဲတွေ အဲ့ဒါတွေ မရှိတော့ဘူးဆိုရင် ရေစူးက နက်သွားပြီပေါ့နော်။ ရေစူး နက်သွားပြီဆိုရင် ရေအများကြီး နေလို့ရသွားပြီ။ ရေလယ်ဗယ်ကို အောက်ကိုချတာပေါ့။ အဲ့ဒီနည်းစနစ်ကပဲ ကျနော်ထင်တယ် အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်။”

လူဦးရေနဲ့ အဆောက်အဦတွေ များပြားလာတဲ့ ရန်ကုန်မြို့က ရေမြောင်းတွေထဲ ပိတ်ဆို့နေတဲ့ အမှိုက်တွေကို ရှင်းလင်းဖို့က လက်ရှိစည်ပင်သာယာရေး ဝန်ထမ်းအရေအတွက်နဲ့ မလုံလောက်တာနဲ့လည်း သက်ဆိုင်နေတယ်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က သုံးသပ်ပြောဆိုပါတယ်။

“အမှိုက်တွေပုံမယ်၊ ရေစီးရေလာမကောင်းဘူး မြောင်းတွေပိတ်မယ်ဆိုရင် ကျနော်တို့မှာလည်း တာဝန်ရှိတယ်၊ ပြည်သူလူထုမှာလည်း တာဝန်ရှိတယ်။ တဘက်က လွန်ခဲ့တဲ့ နှစ်များစွာက ၀န်ထမ်းအရေအတွက်နဲ့၊ အမှိုက်အနေအထားနဲ့၊ ယနေ့လက်ရှိ လူထုရဲ့ အခြေအနေ၊ အမှိုက်အနေအထားက မတူတော့ဘူး။ နံပါတ်တစ်က တကယ် အမှန်တကယ် သယ်ပိုးဆောင်ရွက်မယ့် စည်ပင်သာယာရေး ၀န်ထမ်းတွေကို တိုးချဲ့ဖွဲ့စည်းပေးရမယ်။”

ရန်ကုန်မြို့ပေါ်မှာ မိုးရွာတိုင်း ရေကြီးရေလျှံနေရတဲ့ အဓိက အကြောင်းအရင်းတွေကိုလည်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာချုပ် ဒေါက်တာအောင်မြင့်မော်က ပြောပြပါတယ်။

“နွေနဲ့ဆောင်းမှာ တောက်လျှောက် စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်တွေက ချောင်းတွေ၊ မြောင်းတွေကို သွားတယ်။ သွားပြီးတော့မှ မြစ်ထွက်ပေါက်တွေ ရှိတယ်။ တခုနဲ့တခု ချောင်းတွေ၊ မြောင်းတွေကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတွေ ရှိတယ်။ နောက်တခါ ရေမြောင်းတွေရှိတယ်။ အဲ့ထဲမှာ အမှိုက်တွေနဲ့ ပြည့်နေတာ။ ထောင့်ချိုးတွေမှာဆို အမှိုက်နဲ့ ပိတ်သွားတယ်။ ပိတ်သွားတော့ ရေက ဆက်မစီးနိုင်တော့ဘဲနဲ့ လျှံပြီးတော့ တက်လာတယ်။ တချို့ အမှိုက်တွေလည်း ပါလာတယ်။ ဖော့ဘူးတွေ၊ ရေသန့်ဘူးတွေ ဒါမျိုးတွေက ပိတ်ဆို့ပြီးတော့ မြစ်ကိုဝင်တဲ့ အပေါက်မှာပဲဖြစ်ဖြစ်၊ ချောင်းတခုနဲ့တခု ဆက်သွယ်ထားတဲ့ အပေါက်မှာပဲဖြစ်ဖြစ်၊ ဒီကားလမ်းတွေရဲ့ အောက်မှာ တည်ဆောက်ထားတဲ့ ပိုက်တွေ တစ်ဆို့ကုန်တာ။ တစ်ဆို့ပြီးတော့ အမှိုက်ကြောင့် ရေကြီး၊ ရေလျှံဖြစ်တာ ဖြစ်နိုင်ပါတယ်။”

ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေတဲ့ ရန်ကုန်ကို ရေစီးရေလာ ကောင်းမွန်တဲ့စနစ် ပြန်လည်တည်ဆောက်ဖို့အတွက် ရုန်းကန်ရဦးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလဆန်းက ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013