DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင် ပြန်လည်ဖွဲ့စည်းရန် တောင်းဆို
DVB
·
May 26, 2016
လူ့အခွင့်အရေးကော်မရှင် ပြန်လည်ဖွဲ့စည်းရန် တောင်းဆို
Donate to DVB

အရင်အစိုးရလက်ထက်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်လို တိုင်ကြားစာလက်ခံရုံသက်သက် မဟုတ်တဲ့ ကော်မရှင်တခုဖြစ်ရေး ပြန်လည်ဖွဲ့စည်းဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ ပါဝင်သင့်သူတွေ မပါခဲ့ဘဲ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မလုပ်နိုင်ခဲ့တဲ့အတွက် အသစ်ပြန်လည်ဖွဲ့စည်းဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။

“ဘယ်သူပဲပါပါ ပါဝင်တဲ့သူတွေက လူ့အခွင့်အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးမယ့်လူတွေ ပါဝင်သော ကော်မရှင်ဖြစ်ဖို့၊ အဲဒီကော်မရှင်က ရွေးချယ်တဲ့နေရာမှာ လက်သိပ်ထိုးပြီး ကိုယ်နဲ့သိတဲ့သူတွေ ရွေးချယ်တာ မဟုတ်ဘဲနဲ့ အများပြည်သူ အားကိုးလေးစားတဲ့သူတွေ ပါဝင်ဖို့၊ နောက်တခုက တိုင်စာသက်သက်ပဲ လက်ခံတဲ့အရာမျိုး မဟုတ်ဘဲနဲ့ တိုင်ကြားလာတဲ့ စာတွေကို ထိရောက်စွာနဲ့ အရေးယူ ဖြေရှင်းနိုင်တဲ့ အားကောင်းတဲ့ ကော်မရှင်တရပ်ဖြစ်ဖို့လည်း ကျနော်ရည်မှန်းပါတယ်။ ဒါမှသာ ပွင့်လင်းတိုးတက်လာတဲ့ မြန်မာနိုင်ငံနဲ့ အခြေအနေ ကိုက်ညီပြီးတော့ အားကောင်းတဲ့ လူ့အခွင့်အရေး ကော်မရှင်တရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးပညာပေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီလို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ ဥပဒေပိုင်းဆိုင်ရာတွေ ပြောင်းလဲပေးဖို့အတွက်ကို အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်လောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မေလဆန်းလောက်က အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။

ကော်မရှင်မှာ လက်သိပ်ထိုး ဖွဲ့စည်းထားတဲ့သူတွေ မဟုတ်ဘဲ ပြည်သူလူထုဆန္ဒနဲ့အညီ တတ်သိပညာရှင်တွေ ပါဝင်ဖို့၊ အမှီခိုကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ် ပြန်လည်ဖွဲ့စည်းပေးဖို့ကို အဓိကထား တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ သမ္မတအစိုးရသက်တမ်းနဲ့ အတူတူ မဟုတ်ပေမယ့် ငါးနှစ်သက်တမ်း ရှိပါတယ်။

ဒါပေမယ့် အစိုးရ သို့မဟုတ် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နဲ့ဆိုရင် ပြန်လည်ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေပညာရှင်တွေကလည်း သုံးသပ်ကြပါတယ်။

“ဖွဲ့ခွင့်ရှိတယ်။ ပြီးတော့ ဒီဟာကလည်း ပြန်လည်ဖွဲ့လည်းဖွဲ့သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တက်လာတဲ့အစိုးရဟာ သူနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်ချက်တွေကို သူက လုပ်ရမယ်လေ။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ ပြည်သူလူထုအကျိုးကို လိုလားတဲ့လူတွေနဲ့ ပြန်လည်ဖွဲ့စည်းတဲ့၊ ဥပဒေလည်းတတ်တဲ့ အဲလိုလူမျိုးတွေနဲ့ ပြန်လည်ဖွဲ့စည်းတဲ့ ကော်မရှင် ပြန်လည်ဖွဲ့စည်းရမှာ အမှန်ပါပဲ” လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ဒီသက်တမ်းကာလအတွင်းမှာ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မလုပ်နိုင်တာကိုလည်း ဝေဖန်ပြေဆိုမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013