DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသားအစည်းအရုံး၏ မြေယာမူဝါဒ ဖြန့်ချိ
DVB
·
May 25, 2016
ကရင်အမျိုးသားအစည်းအရုံး၏ မြေယာမူဝါဒ ဖြန့်ချိ
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ မြေယာမူဝါဒတွေကို  ဒီကနေ့ ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်မှာ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။

ဒီမူဝါဒမှာ အခြေခံမူ၊ လိုက်နာရမယ့်အချက်တွေ၊ ရိုးရာဓလေ့တွေကို ဘယ်လို အကာအကွယ်ပေးထားလဲ၊ ရင်းနှီးမြှုပ်နှံလုပ်ရင် ဘယ်လိုစည်းမျဉ်းစည်းကမ်း လိုက်နာရမလဲ စတဲ့အချက်အလက်တွေပါဝင်ပါတယ်။

ဒီမြေယာမူဝါဒ ဖြန့်ချိတာနဲ့ပတ်သက်ပြီး ကေအန်ယူ ဗဟိုမြေယာကော်မတီအဖွဲ့ဝင် စောအဲလက်စ်က “ ဒီမူဝါဒက ဖယ်ဒရယ်သွားမယ့် အခင်းအကျင်းတွေကို ဦးစားပေးပြီး ရေးထားတဲ့ အချက်အလက်တွေ အများကြီးပါတယ်။ ဥပမာ ဒေသခံပြည်သူလူထုတွေကို ရိုးရာဓလေ့ မြေတွေ သီးသန့်အုပ်ချုပ်ခွင့်ပေးတာတို့ပါတယ်။ ဆိုတော့ ဖက်ဒရယ်ကို အခြေခံတဲ့မူလို့ ပြောလို့ရတယ်။ ဖက်ဒရယ်လမ်းကြောင်းကို ခြေလှမ်းလှမ်းတဲ့မူလို့ ပြောလို့ ရပါတယ်” လို့ ပြောပါတယ်။

ဒီမူဝါဒဟာ လူထုအပါအ၀င်၊ လူမှုအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံတကာက ပါဝင်ရေးသားထားတာပါ။

ဒီမူဝါဒဟာ လူထုကိုအခြေပြု ဦးစားပေးပြီးတော့မှ ရေးဆွဲထားတဲ့ မူဝါဒပေါ်လစီဖြစ်တဲ့အတွက်  ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အများကြီး အထောက်အကူဖြစ်စေတယ်လို့ စောအဲလက်စ်က ပြောပါတယ်။

“အဓိကအားဖြင့် လူထုဗဟိုပြုတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လိုတယ်။ မြေယာတွေသိမ်းမယ်၊ အတင်းအဓမ္မ တွေပြုလုပ်မယ်ဆိုရင် ဒါက ငြိမ်းချမ်းရေးကို မဖော်ဆောင်ဘဲနဲ့ ပိုပြီတော့မှ ပဋိပက္ခအသွင်ကို ဆောင်စေတာဖြစ်တဲ့အတွက် လူထုရဲ့ဆုံးဖြတ်ချက်၊ ပူးပေါင်းပါဝင်မှု၊ သဘောထားတွေက သိပ်ကိုအရေးကြီးတယ်။ ကေအန်ယူ ရဲ့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့နေရာမှာ ဒီမူအတိုင်း တကယ်လိုက်နာမယ်ဆိုရင် လူထုနဲ့အစိုးရ ကြားပဲပြောပြော၊ လူထုအချင်းချင်းကြားမှာပဲပြောပြာ အပြန်အလှန် ယုံကြည်မှု တွေ၊ အပြန်အလှန် ထောက်ခံမှုတွေ၊ နိုင်ငံရေးပိုင်းမှာထောက်ခံမှုကိစ္စတွေရော၊ လူထုတွေ တွန်းပို့မှုနဲ့ ငြိမ်းချမ်းရေးအားကောင်းလာလိမ့်မယ်။ ဒီတွက် ဒီမူဝါဒက အခုလက်ရှိ သွားနေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ သိပ်အရေးကြီးတယ်။”

ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒဟာ တိုင်းရင်းသားပြည်သူလူထုက မြေယာ ပိုင်ဆိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ ခိုင်မာစွာရရှိဖို၊ ဓလေ့ထုံးတမ်းအရ မြေယာလုပ်ပိုင်ခွင့်နဲ့ ကျင့်သုံထားမှုတွေကို အသိအမှတ်ပြု ကာကွယ်မြှင့်တင်ဖို့ ရွည်ရွယ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသတွင်း ရေ၊ မြေ၊ သစ်တော၊ သားငါးနဲ့ဆက်စပ်သဘာဝ သယံဇာတတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းကာကွယ်ဖို၊ ဂေဟစနစ်စိုက်ပျိုရေးနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ တရားမျှတမှုရှိဖို့ ဒေသခံပြည်သူလူထုက ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးမှု ရှိစေဖို့ ဦးတည်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီမူဝါဒဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွက် အဓိက အကျုံး ၀င်တယ်လို့လည်းကေအန်ယူ ဗဟို မြေယာကော်မတီကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013