DVB Logo
Home
မြန်မာသတင်း
ကော့သောင်းရဲစခန်းကို လာပို့သည့် ထမင်းထုပ်အတွင်းမှ ဘိန်းစာမှုန့်ထုပ် ဖမ်းမိ
DVB
·
May 25, 2016
ကော့သောင်းရဲစခန်းကို လာပို့သည့် ထမင်းထုပ်အတွင်းမှ ဘိန်းစာမှုန့်ထုပ် ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့မရဲစခန်းအချုပ်ခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူကို ဇနီးဖြစ်သူက ထမင်းလာပို့ရာမှာ ထမင်းထုပ်အတွင်း ဘိန်းစာမှုန့်တွေ ဖမ်းဆီရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့က ဘိန်းစာမှုန့်တန်ဖိုး ကျပ်ငွေ ၆ သိန်းဖိုး ဖမ်းမိခဲ့တဲ့ ကိုသန်းစိုးထံ ထမင်းလာပို့တဲ့ ဇနီးသည် မစိုးစိုးဌေး ယူဆောင်လာတဲ့ ထမင်းဖော့ဗူးကို အချုပ်ခန်းအတွင်း မသွင်းမီ စစ်ဆေးရှာဖွေရာ ထမင်းအောက်မှာ မြှုပ်ထားတဲ့ အလေးချိန် ၁၀ ဂရမ်လောက်ပါတဲ့ ဘိန်းစာမှုန့် တထုပ်ကို ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။

တာဝန်မှူး ဒုရဲအုပ်အောင်မြတ်ယျာမှ ရှာဖွေပုံစံနဲ့ ချိတ်ပိတ်သိမ်းဆည်းပြီး မစိုးစိုးဌေးကို အရေးယူနိုင်ဖို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ဘိန်းစာမှုန့်ထုပ်နဲ့ ပတ်သက်ပြီး မစိုးစိုးဌေးကို မေးမြန်းရာ  ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်းနေ ကိုစိုးသန်းရဲ့ အစ်ကို ကိုရှာဖွီးထံမှ ရရှိကြောင်း သိရှိရခဲ့ပါတယ်။

နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဇော်မင်းထွန်းနဲ့အဖွဲ့က ကိုရှာဖွီးအား သွားရောက် ဖမ်းဆီးရာ ကိုရှာဖွီးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောက်ရွက် နေတယ်လို့ သိရှိရပါတယ်။

မေလ ၁၃ ရက်နေ့က ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု ၉ မိုင်ကျေးရွာ ကမ်းနားလမ်း အတွင်းဖက်မှာ နေထိုင်တဲ့ ကိုစိုးသန်းရဲ့နေအိမ်မှာ ဘိန်းစာမှုန့်တန်ဖိုး ကျပ် ၆ သိန်းဖိုး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

(သတင်း - လတ်ကိုကိုဦး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013