DVB Logo
Home
မြန်မာသတင်း
အာဆီယံကာကွယ်ရေးဝန်ကြီးများ တောင်တရုတ်ပင်လယ်ကိစ္စနှင့် လုံခြုံရေးရာကိစ္စဆွေးနွေး
DVB
·
May 25, 2016
အာဆီယံကာကွယ်ရေးဝန်ကြီးများ တောင်တရုတ်ပင်လယ်ကိစ္စနှင့် လုံခြုံရေးရာကိစ္စဆွေးနွေး
Donate to DVB

ပိုင်ဆိုင်မှုအငြင်းပွားမှုတွေဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံကာကွယ်ရေးဝန်ကြီးတွေ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ဒီကနေ့ ဆွေးနွေးနေကြတယ်လို့ ကျိုဒိုသတင်းက ဖော်ပြပါတယ်။

အာဆီယံဆယ်နိုင်ငံက ၀န်ကြီးတွေဟာ “စွမ်းရည်မြင့် အာဆီယံလူမှုအသိုက်အ၀န်းအတွက် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုဝေးခဲ့ကြတာ ဖြစ်ပြီး ၂ ရက်တာ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးကိစ္စကဲ့သို့ အစဉ်အလာ မဟုတ်တဲ့လုံခြုံရေးစိန်ခေါ်မှုတွေလို ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအရခြိမ်းခြောက်မှု တွေကို ထိပ်တန်းဦးစားပေးဆွေးနွေးကြမယ့် အစီအစဉ်မှာထည့်သွင်းထာပါတယ်။

ကျိုဒိုသတင်းဌာနက ရရှိတဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မူကြမ်းထဲမှာ အဖွဲ့ဝင်တွေအနေနဲ့ တောင်တရုတ်ပင်လယ်အရေးပတ်သက်တဲ့ နိုင်ငံတွေရဲ့ အပြုအမူအပေါ်ကြေညာချက်ကို ပြည်ဝ ထိရောက်အောင် ဖော်ဆောင်မှုနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံမူခြောက်ချက် တို့ကို ဆက်ဆောင်ရွက်ဖို့ ထပ်လောင်းကတိပြုကြတယ်လို့ဆိုပါတယ်။

ဝန်ကြီးတွေဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြံရေးဆိုင်ရာ အရေးပါမှုတွေကို ထပ်လောင်း ပြောဆိုကြမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ အညွှန်းကိန်းလွတ်လပ်မှုနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုထားတဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း လိုက်ပါဆောင်ရွက် မယ်လို့ ထပ်မံအတည်ပြုလို့ ဆိုပါတယ်။

အစည်းအဝေးဟာ တောင်တရုတ်ပင်လယ်ကိစ္စဆွေးနွေးမှုအပြင် ဒေသတွင်း ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးအတွက်လည်း ရည်ရွယ်ပါတယ်။

လာအိုကာကွယ်ရေးဝန်ကြီး ချန်စမွန်း ချန်ယာလတ်က အဖွဲ့ဝင်နိုင်ငံတွေ အရည်သွေး၊ သွေးစည်းမှုနဲ့ ညီညွတ်မှုတိုးမြင့်လာဖို့ လိုအပ်ကြောင်းနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ကြုံတဲ့အခါ ထိထိရောက်ရောက် အချိန်နဲ့တပြေးညီ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ ဘေးပန်းဆွေးနွေးပွဲမှာတော့ အရည်အသွေးမြှင့်တင်ရေးအပိုင်း၊ အာဆီယံဗဟိုပြု ဖွံ့ဖြိုးရေးနဲ့ ဒေသတွင်လုံးခြုံရေးတည်ဆောက်မှုကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့က မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် အာဆီယံကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေးပူးတွဲထုတ်ပြန်ရာမှာ ၀န်ကြီးတွေဟာ ဒေသတွင်းလုံခြုံရေး အားကောင်းစေဖို့အတွက် အိုင်အက်စ်အရေးကိစ္စကနေ တောင်တရုတ်ပင်လယ်အရေးကိစ္စအထိ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013