DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မိုင်းထောင်ဖောက်ခွဲမီးရှို့သူများကို ဖမ်းမိ
DVB
·
May 25, 2016
ဖားကန့်တွင် မိုင်းထောင်ဖောက်ခွဲမီးရှို့သူများကို ဖမ်းမိ
Donate to DVB

ဖားကန့်မြို့နယ်အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုနှင့် မီးရှို့ဖျက်ဆီးမှုများမှာ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မေလ ၉ရက်နဲ့ ၁၅ရက်တို့မှာ ကျောက်စိမ်းကုမ္ပဏီများကို မီးရှို့ဖျက်ဆီးဖောက်ခွဲခဲ့သူတွေဖြစ်ကြတဲ့ မရမ်ဘောမ်ယော်၊ ဂွမ်ဂျာနော်နှင့် အောင်အောင်တို့ ၃ဦးကို မေလ ၁၉ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့ဝင် ဖားကန့်မြို့နယ်၊ ဝှေ့ခါကျေးရွာ နေ မရမ်ဘောမ်ယော်(ခ) လယော်(ဘ)ဦးလဘောမ်နှင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဂွမ်ဂျာနော်(ခ)နောနော် (ဘ) ဦးမရစ်ဇော်၊ KIA လက်နက်ကိုင်အဖွဲ့၏ အမာခံသတင်းပေး ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာနေ အောင်အောင်(ဘ)ဦးတိုး တို့ဖြစ်ကြောင်းသိရှိရတယ်လို့ သတင်းက ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ထွက်ဆိုချက်အရ  ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာရှိ KIA လက်နက်ကိုင်အဖွဲ့မှ ယောထုံ(ခ) မဂျန်ယောထုံ ဆိုသူဟာ မီးရှို့ဖျက်ဆီးဖောက်ခွဲမှုများကို ဦးဆောင်စီစဉ်သူဖြစ်ပြီး ထွက်ပြေးနေပါတယ်။

အခု ဖမ်းမိထားတဲ့ မရမ်ဘောမ်ယော်၊ ဂွမ်ဂျာနော်နှင့် အောင်အောင်တို့သုံးဦးဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဖားကန့်မြို့နယ်အတွင်းရှိ ဌေးမြန်မာ(ခ)ဌေးမြင့် မော် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း၊ ၂၀၁၆ ခုနှစ် မေ ၉ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဖားကန့်မြို့မရဲစခန်းနှင့် ဥရုရတနာ ကျောက်စိမ်းတောင် တံတားအနီးတို့မှာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းနှင့် မေ ၁၅ ရက်တွင် မှော်စီစာကျေးရွာအနီးရှိ ကောင်းမြတ်သုခ(ခ) စိန်စိန် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း များကို ကိုယ်တိုင်ပါဝင် ပြုလုပ်ခဲ့ကြောင်း သိရှိရတယ်လို့ မြ၀တီသတင်းက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013