DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေကျင်းပြိုကျ၊ လူ ၁၀၀ ၀န်းကျင်ခန့် သေဆုံး
DVB
·
May 24, 2016
ဖားကန့်တွင် မြေကျင်းပြိုကျ၊ လူ ၁၀၀ ၀န်းကျင်ခန့် သေဆုံး
Donate to DVB

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာရှိတဲ့ ရတနာကြယ်ကုမ္ပဏီလုပ်ကွက်မှာ မေလ ၂၃ ရက်နေ့ ညပိုင်းက မြေကျင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ၀န်းကျင်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ကွက်ဟာ မိုးရာသီစပြီဖြစ်တဲ့အတွက် ရပ်နားထားတဲ့လုပ်ကွက်ဖြစ်ပြီး ရေမဆေး ကျောက်သမားတွေ ကျောက်တူးဖော်နေချိန်ပြိုကျခဲ့တာပါ။

အခုမနက်ပိုင်းအထိ သေဆုံးသူ ၁၀ ဦးတူးဖော်ရရှိထားပြီး သေဆုံးသူ ၁၀၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အဲဒီမြေပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက အခုလိုပြောပါတယ်။

“မနေ့ညက ဆိပ်မူကျေးရွာ အုပ်စုမှာ ကျင်းပြိုကျမှုဖြစ်တယ်။ အဲဒီ ကျင်းကလည်း လုပ်ကွက် ရပ်နားထားတဲ့အချိန်မှာ ရွာမှာရှိတဲ့ ဒေသခံ ရေမဆေးသမားတွေ ၀င်ပြီးတူးဖော်ကြတဲ့အချိန်မှာ ညအချိန် ကျင်းပြိုကျမှု ဖြစ်တယ်လို့ သိရပါတယ်။ ကျင်းကလည်း အင်မတန်မှ နက်တယ်။ ကျင်းပြိုကျချိန် ည ၁၀ နာရီလောက်မှာပဲ အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိပါတယ်။ ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိပြီး ဖားကန့်ဆေးရုံကို တင်ပို့လိုက်ရပါတယ်။ ဒီနေ့မနက်မှာလည်း အလောင်း ၁၀ လောင်းလောက်ရှိပါတယ်။ အလောင်းကို ဖော်တဲ့နေရာမှာလည်း စက်ယန္တရား တွေနဲ့ ဖော်တာမဟုတ်ဘဲနဲ့ လူအားနဲ့ ဖော်နေရတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ သူတို့ပြောပြချက်အရ အနည်းဆုံး လူ ၁၀၀ ၀န်းကျင်လောက် နစ်မြှုပ်တဲ့အထဲမှာ ပါနေတယ်လို့ သိရပါတယ်။”

ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ဝ လောက်ရှိပြီး ရေမဆေးကျောက် ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေက တားမြစ်မှုတွေ ပြုလုပ်နေပါ တယ်။

ဒါပေမယ့် တပိုင်တနိုင် ရေမဆေးကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013