DVB Logo
Home
မြန်မာသတင်း
မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူမည်
DVB
·
May 24, 2016
မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူမည်
Donate to DVB

မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းတွေအတွက် တင်ဒါခေါ်ယူခြင်းကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင် ခေါ်ယူသွားမယ်လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရပါတယ်။

"ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြီးတော့ ပစ္စည်းဝယ်တာတွေကို တင်ဒါစခေါ်မယ်။ ရန်ကုန်ကနေ တောင်ငူလမ်းအပိုင်း အဆင့် (၁)ကို စပြီးတပ်ဆင်ဖို့ဖြစ်ပါတယ်။ ၂၀၂၂ - ၂၀၂၃ အထိ လုပ်သွားဖို့ ဖြစ်ပါတယ်။ ၂၀၂၅ မှာ အပြီးလုပ် ရမှာဖြစ်ပါတယ်"လို့ မြန်မာ့မီးရထားက အထွေထွေမန်နေဂျာ (စီမံကိန်း) ဦးဘမြင့်က ပြောပါတယ်။

ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်းကို ယခုနှစ်ကုန်ပိုင်းမှာ စတင် ဆောင်ရွက် သွားမှာဖြစ်တယ် လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရပါတယ်။

ရန်ကုန်-မန္တလေး လမ်းအပိုင်းထဲက ရန်ကုန်-တောင်ငူ လမ်းအပိုင်းကို အပိုင်း (၁) အနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပြီး ယခု ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မီးရထားလမ်းအပိုင်းအတွက် ပစ္စည်း ၀ယ်ယူခြင်းအတွက် တင်ဒါခေါ် ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ လောက်ကုန် ကျနိုင်တယ်လို့ခန့်မှန်ထားလည်း ဦးဘမြင့်က ပြောဆိုခဲ့ပါသေးတယ်။

မြန်မာ့မီးရထားကဏ္ဍရဲ့ မီးရထားတွဲဆိုင်းတွေနဲ့ လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်းတွေကို ဂျပန်နိုင်ငံက အကူအညီနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

မီးရထားကဏ္ဍနေနဲ့ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ နှစ်ပေါင်းများစွာကတည်းက အမျိုးအမည်စုံလင်တဲ့ စက်ခေါင်းတွေနဲ့ ပစ္စည်းတွေအသုံးပြုနေရခြင်းက ပထမဆုံး အခက်အခဲ ဖြစ်တယ်လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013