DVB Logo
Home
မြန်မာသတင်း
အင်တာနက်ရှိသည့် မည်သည့်နေရာမှမဆို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တော့မည်
DVB
·
May 24, 2016
အင်တာနက်ရှိသည့် မည်သည့်နေရာမှမဆို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တော့မည်
Donate to DVB

အင်တာနက်ရှိတဲ့ ဘယ်နေရာကနေမဆို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တော့မှာဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်က ပြောပါတယ်။

အရင်က ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးကို လာရောက်လျှောက်ထားကြရသလို အွန်လိုင်းကနေ လျှောက်ချင်တဲ့ အခါမှာလည်း Myanmar Tradenet ၀က်ဘ်ဆိုက်ကနေတဆင့် အွန်လိုင်းအသုံးပြုပြီး လျှောက်ထားကြရတာပါ။

ငွေပေးသွင်းတာတွေနဲ့ လိုင်စင်ထုတ်ယူတာတွေကို စီးပွားကူးသန်း ၀န်ကြီးဌာနမှာ လုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတော့ အင်တာနက်ရရှိတဲ့ ဘယ်နေရာကနေမဆို လိုင်စင်လျှောက်ထားနိုင်ဖို့အတွက် Fully Online License System စနစ်ကို စတင်နေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်အချို့နဲ့ CMP စနစ်နဲ့ ထုတ်ပေးတဲ့ ပစ္စည်းတွေကို စတင်ထုတ်ပေးနိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

၂၀၁၆ ဇွန်လမှာ စတင်နိုင်ဖို့အတွက် စီစဉ်ထားပြီး လုပ်ငန်းအဆင့်တွေ ရှင်းလင်းခြင်းစနစ်နဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013