DVB Logo
Home
မြန်မာသတင်း
တူးဖော်ခွင့်လုပ်ကွက်မရှိဘဲ ဥရုချောင်းပိတ်ပြီး ရွှေနှင့်ကျောက်တူးဖော်မှု ဒေသခံများကန့်ကွက်
DVB
·
May 23, 2016
တူးဖော်ခွင့်လုပ်ကွက်မရှိဘဲ ဥရုချောင်းပိတ်ပြီး ရွှေနှင့်ကျောက်တူးဖော်မှု ဒေသခံများကန့်ကွက်
1 / 3
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေဆိုင်းကျေးရွာသား အင်အား ၄၀ ကျော်က ရွှေနဲ့ ကျောက်မျက်တူးဖော်ခွင့် လုပ်ကွက်မရှိဘဲ ဥရုချောင်းကို ပိတ်ဆို့ပြီး ရွှေနဲ့ ကျောက်တူးဖော်တဲ့ အတွက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဥရုချောင်း ရေလမ်းကြောင်းကို ဖားကန့်မြို့နယ် ဟောင်ပါကျေးရွာအုပ်စု နတ်ရေတောင် ကျေးရွာနေ လုပ်ငန်းရှင်တဦးဖြစ်သူ ဦးကျောက်ဝင်းက မတ်လ ၁၃ ရက်နေ့က ဘက်ဟိုးကား နှစ်စီး မြေသယ်ကား ၄ စီးနဲ့ စတင်တူးဖော်လုပ်ကိုင်နေတာဖြစ်ပါတယ်။

အဲဒီလို ချောင်းကိုပိတ်ဆို့ပြီး ရွှေရှာမှုတွေပြုလုပ်နေတဲ့အတွက် မြစ်ကမ်းပါးမှာ နေထိုင်နေတဲ့ ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မိုးတွင်းကာလမှာ ကျေးရွာတရွာလုံး ရေတိုက်စားနိုင်လို့ အခုလို ဆန္ဒထုတ်ဖော်ရတာလို့ သိရပါတယ်။

ဒေသခံတွေကတော့ အခုလိုလုပ်ကိုင်နေတာဟာ သတ္တုတွင်းဥပဒေနဲ့မကိုက်ညီပဲ သတ္တုတွင်း ဥပဒေမှာတော့ မြစ်ချောင်းအင်းအိုင် ကျေးရွာ တွေနဲ့ကိုက် ၅၀၀ ကျော်လွန်မှသာ လုပ်ပိုင်ခွင့် ချထားပေးမယ်လို့ ပြဋ္ဌာန်းပေမယ့် အခုခါမှာတော့ ချောင်းပိတ်ဆို့ပြီး ရွှေတူးဖော်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

(သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013