DVB Logo
Home
မြန်မာသတင်း
ကဗျာဆရာမောင်ဆောင်းခအမှု မနက်ဖြန် အပြီးသတ် အမိန့်ချမှတ်မည်
DVB
·
May 23, 2016
ကဗျာဆရာမောင်ဆောင်းခအမှု မနက်ဖြန် အပြီးသတ် အမိန့်ချမှတ်မည်
Donate to DVB

ပုံရိပ်ကဗျာရေးသားမှုဟာ နိုင်ငံတော်သမ္မတကို ပုတ်ခတ်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ (ယ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ ခေါ် ကိုစည်သူအောင်ကို မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ ရွှေပြည်သာတရားရုံးက အပြီးသတ် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

ကဗျာဆရာမောင်ဆောင်းခဟာ ဒီကဗျာရေးသားမှုကြောင့် စတင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အချိန်မှာ ဆက်သွယ်ရေးပုဒ်မအပြင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၅၀၅(ခ)နဲ့ပါ တရားစွဲဆို ဖမ်းဆီး ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဧပြီလက ပုဒ်မ ၅၀၅ (ခ)ကို တရားရုံးက ပြန်လည်ဖြုတ်သိမ်းခဲ့ ပါတယ်။

“ရှေ့မှာလည်း အလားတူဆက်သွယ်ရေးပုဒ်မတွေနဲ့ အမိန့်ချခဲ့တာရှိပေမယ့် သူတို့ကို ၆ လချလို့ မောင်ဆောင်းခကိုလည်း ၆ လချရမယ်လို့ အတိအကျပြောလို့ မရပါဘူး။ ဒါဟာ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ပဲဆိုင်ပါတယ်။ ကျနော်ကတော့ သူ့ဘက်က မှန်တယ်ထင်”လို့ သူ့ရှေ့နေ အဖြစ် နေတာပါ။

“ကျနော်ရဲ့ ဆင်ခြင်တုံတရားနဲ့တရားရုံးရဲ့ ဆင်ခြင်တုံတရား မတူတဲ့အတွက် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျနော်မခန့်မှန်းနိုင်ပါဘူး”လို့ လက်ရှိ မောင်ဆောင်းခအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ကြည်သာဖုန်းမြင့် က ပြောပါတယ်။

ကဗျာဆရာမောင်ဆောင်းခကတော့ အမှုနဲ့ပတ်သတ်ပြီး ဒီကဗျာရေးသားတာဟာ လူ့အဖွဲ့အစည်း ရဲ့ အကျင့်ပျက်ခြစားမှုတခုကိုသာ ခံစားရေးဖွဲ့ထားတာဖြစ်ပြီး ဘယ်သူတဦး တယောက်ကိုမှ ရည်ရွယ်ရေးသားတာ မဟုတ်တဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက အမှုဆောင် ကဗျာဆရာတွေကလည်း ရုံးချိန်းတွေ မှာ အပြစ်မရှိကြောင်းသက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

တခြားအမှုတွဲတွေဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ယနဲ့ တရားစွဲဆိုခံထားရတဲ့ ခွန်ဂျာလီ၊ ချစ်သမီးတို့ အမှုတွဲဖြစ်စဉ်တွေကိုတော့ သက်ဆိုင်ရာ တရားရုံးတွေက ထောင်ဒဏ် ၆ လ အသီးသီးချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လက်ရှိ တရားရင်ဆိုင်နေရတဲ့ ကဗျာဆရာမောင်ဆောင်းခ ကတော့ မနက်ဖြန် အမိန့်ချမယ့်နေ့မှာ ရုံးချိန်း ၂၇ ကြိမ်မြောက်ရှိနေပြီးတော့ ၆ လနဲ့ ၁၉ ရက် ကြာမြင့်နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013