DVB Logo
Home
မြန်မာသတင်း
စွန့်ဦးတီထွင် စီးပွားရေး လုပ်ကိုင်လိုသူများအတွက် အိုင်အယ်လ်အိုမှ စီမံခန့််ခွဲရေး သင်တန်းများ ဖွင့်မည်
DVB
·
May 23, 2016
စွန့်ဦးတီထွင် စီးပွားရေး လုပ်ကိုင်လိုသူများအတွက် အိုင်အယ်လ်အိုမှ စီမံခန့််ခွဲရေး သင်တန်းများ ဖွင့်မည်
Donate to DVB

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စွန့်ဦးတီထွင် လုပ်မယ့်သူတွေအတွက် အိုင်အယ်လ်အိုက  စီးပွားရေး စီမံခန့်ခွဲရေးသင်တန်းတွေ ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က မြန်မာနိုင်ငံရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီတဲ့အနေနဲ့ စွန့်ဦးတီထွင်ပြီး လုပ်လိုတဲ့ အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်းရှင်တွေကို စီပွားရေး စီမံခန့်ခွဲမှုသင်တန်း ပေးသွားမယ်လို့ ပြောပါတယ်။

ဒီသင်တန်းမှာ စီပွားရေး စီမံခန့်ခွဲမှု သင်ကြားရေးစနစ်တခုဖြစ်တဲ့ SIYB လို့ခေါ်တဲ့ သင့်လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်စေခြင်းဆိုတဲ့ အစီအစဉ်နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

“အားလုံးဟာ သင်တန်းဆရာတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူတို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလိုချင်ချင်နဲ့ လုပ်ချင်ကြတယ်။ Entrepreneurs တွေကလည်း စီးပွားရေးကို တိုးတက်ချင်ကြတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဒီ ILO Project က ၀င်လာတဲ့အတွက်ကြောင့် ဒါ ပထမဦးဆုံး Entrepreneurs တွေကို အထောက်အကူပြုမယ့် သင်တန်းဆရာတွေကို မွေးထုတ်တဲ့ Project ဖြစ်ပါတယ်” လို့ အိုင်အယ်လ်အိုမှ ဒေါ်ကြည်ကြည်အေးက ပြောပါတယ်။

ဒီသင်တန်းကိုတက်ရောက်တဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သင်တန်း ပြီးဆုံးသွားတဲ့အခါမှာ မိမိတို့ရဲ့ နေရာဒေသတွေကို ပြန်ပြီး သင်တန်းပို့ချပေးရမှာ ဖြစ်ပါတယ်။

SIYB လို့ခေါ်တဲ့ သင့်လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်စေခြင်း အစီအစဉ်ကို စိတ်ဝင်စားတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်လိုသူတွေဟာ အိုင်အယ်လ်အိုကနေ သင်တန်းဆင်းလက်မှတ်ရထားတဲ့ သင်တန်းဆရာတွေထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပြီး SIYB ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

“သူတို့က ဆက်ပြီးတော့ TOE လုပ်တဲ့အခါမှာ သူတို့ရဲ့ Business ပိုင်းက ရှိရမယ်။ အဲ့တော့ Training Circle ထဲကို ၀င်ပြီးတော့မှ၊ ဒီ Training Circle အရ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လူတွေကို၊ သင်တန်းတက်ပြီးပြီ၊ သင်တန်းတက်ပြီးတာနဲ့ တပြိုင်တည်း ဒါသင်တန်းပြီးပြီ။ သင်တန်းအောင်လက်မှတ် ရပြီးပြီ။ ငါတို့က Trainer ပဲလို့ သတ်မှတ်လို့မရဘူး။ Trainer သည် သူဆက်လုပ်ရမယ့် တာဝန်ဝတ္တရားတွေရှိတယ်။ အဲ့တော့ TOE Circle မှာ TOE အနည်းဆုံး ၂ ခု သူတို့လုပ်ရမယ်” လို့ ဒေါ်ကြည်ကြည်အေးက ဆက်ပြောပါတယ်။

ဒီ SIYB အစီအစဉ်ကို ၂၀၁၄ ခုနှစ်ကနေ စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အစီအစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ် ပြီးဆုံးတဲ့အချိန်မှာတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀၀ ကျော်နဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၈၀၀၀ ကျော် ဖန်တီးပေးနိုင်လိမ့်မယ်လို့ အိုင်အယ်လ်အိုက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013