DVB Logo
Home
မြန်မာသတင်း
အလုပ်သမားရှားပါးမှုကြောင့် ဆားလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
May 22, 2016
အလုပ်သမားရှားပါးမှုကြောင့် ဆားလုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်းက နေလှန်းဆားလုပ်ငန်းရှင်တွေအနေနဲ့ အလုပ် သမားရှားပါးမှု ပြဿနာကြောင့် လုပ်ငန်းခွင်အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

နေလှန်းဆားလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ ဆားကျုံးလုပ်သားတွေအနေနဲ့ အခုနောက်ပိုင်းမှာ ပိုပြီးသက်တောင့်သက်သာရှိတဲ့ မြို့ပြက လုပ်ငန်းတွေကို ရွေးချယ်လာတာကြောင့် အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့နေရတာပါ။

“တို့လုပ်ငန်းတွေက သူများတကာလို မပေးနိုင်ဘူး။ မပေးနိုင်တဲ့အခါကျတော့ တို့လုပ်ငန်းက တအားပင်ပန်းတယ်။ နေ့ခင်းဘက် ၁၁ နာရီ၊ ၁၂ နာရီလည်း ဆင်းထမ်းရင် ထမ်းနေရတာ။ အောက်လည်းပူ၊ အပေါ်လည်းပူ ထမ်းရတယ်။ ရန်ကုန်မှာလုပ်ရ တာတော့ သက်သာတာပေါ့။ အထည်ချုပ်စက်ရုံတို့ ဘာတို့လို အများကြီးသက်သာတဲ့ အလုပ်မျိုးတွေရှိတယ်။ အဲ့လိုမျိုး ကိစ္စမျိုးတွေ အများကြီးကွာခြားမှုတွေရှိတယ်။ သူတို့လည်း သူတို့သက်သာရာ သူတို့လိုက်တာပေါ့။ ရငွေချင်းပိုင်းဆိုင်ရာမှာ သိပ်လည်းမကွာ လှတာကြောင့် သူတို့လည်း အဲ့ဒီဘက်ကို ရွေးတဲ့ဟာမျိုးရှိတယ်” လို့ ဆားလုပ်ငန်းရှင် ကိုမျိုးအောင်က ပြောပါတယ်။

ဆားကွင်းတွေထဲမှာ နေလှန်းဆားကို ကျုံးရတဲ့လုပ်ငန်းကို ပင်လယ်ပိုင်းနေသူတွေက လုပ်ကိုင်လေ့မရှိဘဲ အများအားဖြင့် ဧရာဝတီတိုင်းရဲ့ အထက်ပိုင်းနဲ့ အညာ ဒေသကလူတွေ လာရောက်လုပ်ကိုင်ကြပါတယ်။

“အခုနောက်ပိုင်းကျတော့ ဒီဆားလုပ်ငန်းကို သိပ်မလုပ်ချင်ကြတော့ဘူး။ မြို့တွေပဲ တက်ပြီး အလုပ်လုပ်ကြတာ။ အရင်တုန်းက ဆားလုပ်ငန်းပေါတယ်ဆိုတာ အထက် ဘက်ကလူတွေက လာပြီးလုပ်တဲ့သူတွေက များတယ်။ အောက်ဘက်သားတွေက သိပ် မလုပ်ကြတော့ဘူး” လို့ ဆားကွင်းတာဝန်ခံ ကိုသန်းဦးက ပြောပါတယ်။

ဆားလှန်းကွင်းတွေထဲမှာ တနေကုန်အမိုးအကာမဲ့ ဆားကျုံးနေရတဲ့ လုပ်သား တွေအနေနဲ့ သူတို့ရဲ့ တနေ့လုပ်ခကို သူတို့လုပ်နိုင်သမျှ ဆားတောင်းအရေအတွက်အလိုက် ရကြတာပါ။ မိသားစုဝင်သုံးယောက်ရဲ့ တနေ့လုပ်ခက ကျပ်တစ်သောင်း ၀န်းကျင်ခန့် ရှိပါတယ်။

“ဆားတစ်တောင်းကို ၁၈၀ ရတယ်။ တမိသားစုလုံး တနေကုန်ဆိုရင် တောင်း ၇၀ လောက်ရတယ်" လို့ ဆားကွင်းလုပ်သား ကိုတင်ဆန်းက ပြောပါတယ်။

နေလှန်းဆားလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်သားရှားပါးမှု ပြဿနာအပြင် ပြည်တွင်းဆားဈေးကွက်ကို ပြည်ပကဆားတွေ တင်သွင်းလာတာ ကြောင့် လုပ်ငန်းရပ်တည်ဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရပါတယ်။

သတင်း - စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013