DVB Logo
Home
မြန်မာသတင်း
အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် ဂျွန်ကယ်ရီနှင့်ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
May 22, 2016
အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် ဂျွန်ကယ်ရီနှင့်ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
Donate to DVB

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးမှာ လိုအပ်တာတွေ ကူညီသွားမယ်အကြောင်းနဲ့ မြန်မာကလည်း ပူးပေါင်းလုပ်ဆောင်သွားမယ့်အကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ အဓိကဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ တိုတောင်းလှတဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီနေ့ မွန်းလွဲပိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ပူးပေါင်းဆောင်ရွက်ကြဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့  ပြောပါတယ်။

“အဓိကကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာတဲ့အခါကျတော့ နိုင်ငံက ပြောင်းလဲနေပြီ၊ ဆက်ဆံရေးကလည်း အရင်ထက်စာရင် ပိုပြီး ကောင်းလာတယ်လို့ ယူဆတယ်၊ အဲ့ဒါကြောင့် မြန်မာပြည်မှာ အခု ဘာတွေ လုပ်ဆောင်စရာရှိလဲ၊ ရှိတာတွေကို ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုပြီးတော့ ဂျွန်ကယ်ရီဘက်က ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဟုတ်ပါတယ်၊ ရှေ့မှာ ပူးပေါင်းဆောင်ရွက်စရာတွေ အများကြီး ရှိပါတယ်။ နောက်ထပ်လည်း အေးအေးဆေးဆေးတွေ့ပြီး ထပ်ဆွေးနွေးကြတာပေါ့လို့ သူတို့ ပြောတယ်။”

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီးမှာ နှစ်ဘက်သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ အခု မြန်မာပြည်ခရီးဟာ ဒုတိယမြောက်ဖြစ်ပြီး ဒီတကြိမ် သူမြန်မာပြည် မလာခင်လေးမှာတင် အမေရိကန်ရဲ့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ထပ်မံ ဖြေလျှော့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013