DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလကြေညာ
DVB
·
May 22, 2016
မြန်မာပြည် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလကြေညာ
Donate to DVB

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားပျော့ပျက်ပြယ်သွားပြီဖြစ်လို့ မုန်တိုင်းအန္တရာယ်မရှိတော့တဲ့ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားပျော့ပျက်ပြယ်သွားပြီဖြစ်ပြီး အခုသတင်းထုတ်ပြန်ချက်ဟာ ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါတယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက မေလ ၁၄ ရက်လောက်ကတည်းက အစပျိုးဖြစ်ပေါ်လာတဲ့ ဒီ ဆိုင်ကလုန်းမုန်းတိုင်းဟာ မြန်မာပြည်ကို မုတ်သုန် ဆွဲခေါ်လာတဲ့ မုန်တိုင်းတခု ဖြစ်ခဲ့တယ်လို့ သုံးသပ် ပြောပါတယ်။

“‘ဒီမုန်တိုင်းကြောင့်မို့လို့ အနောက်တောင်မုတ်သုန်လေပါ ဆွဲခေါ်လာတဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံအနေနဲ့ မိုးရတယ်၊ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ နောက် ၁၀ ရက်လောက်အထိကို မိုးရနေဦးမယ့် အနေအထား ရှိပါတယ်၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာလည်း နောက် ၄-၅ ရက်လောက်အထိ မိုးရနေဦးမှာပါ။”

ရွန်နူဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်ခဲ့တဲ့ မြန်မာနိုင်ငံကို မေလ ၂၀ ရက်လောက်ကစလို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရွန်နူ ဖြတ်ကျော်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာ ရေကြီးပြီး လူအသေအပျောက်ရှိခဲ့သလို မုန်တိုင်းဝင်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူ ၂၀ကျော် သေဆုံးခဲ့ပြီး လူ ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013