DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်များတိုးတက်ရေး လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေးက အဓိကကျ
DVB
·
May 22, 2016
စက်မှုဇုန်များတိုးတက်ရေး လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေးက အဓိကကျ
Donate to DVB

စက်မှုဇုန်တွထဲမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ လုံလောက်တဲ့ လျှပ်စစ်စွမ်းအင် မရရှိတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ သောက်သုံးရေရှားပါးနေတာတွေဟာ စက်မှုဇုန်တွေ တိုးတက်ဖို့ အဓိက အဟန့်အတားတွေဖြစ်နေတယ်လို့ လှိုင်သာယာစက်မှုဇုန်များ ဒု-ဥက္ကဋ္ဌက ပြောပါတယ်။

“မီးရှိတယ်၊ လမ်းရှိတယ်၊ အလုပ်သမားရှိတယ်၊ ရေရှိတယ်။ အဲ့ဒီ ပြဿနာတွေ ကတော့ လူတိုင်းကြုံတယ်။ နောက် ကျူးကျော်ရှိတယ်။ ကျူးကျော်တွေကို ရှိတဲ့အခက် အခဲကို မေးမြန်းပြီးတော့ စနစ်တကျ နေရာချထားပေးမယ်ဆိုတာကို နားထဲမရောက်ဘူး။ ဘူဒိုဇာနဲ့ ထိုးတဲ့အစိုးရဆိုရင် လူတွေက သဘောကျပြီး၊ နောက်တနေ့ကျ အလုံးရေ နေ့ချင်း၊ ညချင်းတိုးလာတယ်။ အခု ဓာတ်ပုံထဲမှာ ရိုက်ထားတဲ့ သွပ်မိုးတွေနဲ့၊ ဓနိမိုးအသစ်တွေနဲ့ ဒါတွေကြည့်လိုက်ရင် ဒါနောက်တိုးတွေဆိုတာ အထင်းသား မြင်နေရတာပဲ” လှိုင်သာယာစက်မှုဇုန်များ ဒု-ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောပါတယ်။

နိုင်ငံခြားကနေ တရားဝင် ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေအတွက် စက်မှုဇုန်တွေရဲ့ လိုအပ်ချက်တွေရှိနေတဲ့အပြင် ဥပဒေအရ အကာအကွယ်ပေးနိုင်မှု အတွက်လည်း တရားဥပဒေစိုးမိုးမှု နည်းပါးနေသေးတယ်ကြောင့် အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်း ပေးဖို့  ပြောပါတယ်။

“မိသားစုနဲ့ ခွဲခွာပြီး ပင်လယ်ခြားကို အလုပ်လာလုပ်ရတာ။ တို့နိုင်ငံ တွင်းကို သူတို့က အလုပ်သမားခ သက်သာတာလေးတခုတည်းနဲ့ လာချင်တယ်ဆိုပေမယ့် လုံခြုံစိတ်ချရတဲ့ ဥပဒေက သူတို့ကို ကာကွယ် မပေးထားဘူး။ မလာသေးဘူးပေါ့ကွာ၊ လာတော့ လာချင်တာပေါ့၊ ကြည့်နေတာပေါ့။ ဥပဒေစိုးမိုးမှုရှိဖို့။ ဥပဒေစိုးမိုးမှု ရှိဖို့ဆိုတာကလည်း ဥပဒေမစိုးမိုးနိုင်အောင် အဂတိက လိုက်ဖျက်ဆီးနေတယ်။”

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံထဲကို လာရောက်ဖို့အတွက် အရေး ကြီးတဲ့ စိန်ခေါ်မှုတခုဟာ အစိုးရကချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေကို နားမလည်သေးတာလို့ အသေးစားနဲ့ အလတ်စား လုပ်ငန်းဖွံဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“ကျမတို့မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် လူတွေက စွမ်းအားရှိကြတယ်။ လုပ်နိုင်၊ ကိုင်နိုင်တယ်။ ဒါပေမယ့် အလုပ်က ဘယ်မှာမှန်းမသိတဲ့ လူတွေကလည်း အများကြီးဖြစ်နေတယ်။ အဲ့တော့ ဒါတွေကို ကျမတို့က အလုပ်ရဖို့အတွက် ပေါ်လစီနဲ့ လည်း အားပေးသင့်တဲ့နေရာကို ပေးရမှာပေါ့။ နောက် ရှိနေတဲ့ ဥပဒေ တွေဆိုရင်လည်း ထွက်လာရမယ်။ အခုဆို တချို့ဆို ချိန်ဆနေတာနဲ့ကို သုံးလေးနှစ်၊ ငါးနှစ်ရှိနေတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။”

မြန်မာနိုင်ငံအနေနဲ့ ကျန်ခဲ့တဲ့ ငါးနှစ်တာကာလကတည်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေကို နိုင်ငံတကာကလို အခွင့်အလမ်းတွေပေးပြီး ခေါ်နေတာပါ။

အစိုးရတာဝန်ရှိသူတွေရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားပြီး လာရောက် လုပ်ကိုင်လိုသူတွေရှိပေမယ့် အစိုးရရဲ့ စီးပွားရေးမူဝါဒကို နားမလည်နိုင်သေးတာတွေ။ မြေယာ၊ လျှပ်စစ်စွမ်းအင်နဲ့ ရေတိုလို ကုန်ထုတ်လုပ်ငန်းတွေရဲ့ အဓိက လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ခြေမရှိလို့ တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ၀င်ရောက်မှု နည်းပါးနေသေးတာလို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

သတင်း - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013