DVB Logo
Home
မြန်မာသတင်း
၁၉၉၀ ပြည့်နှစ်များက အတွေ့အကြုံများကို ပြန်ခံစားမည့် အစီအစဉ် ပြုလုပ်မည်
DVB
·
May 22, 2016
၁၉၉၀ ပြည့်နှစ်များက အတွေ့အကြုံများကို ပြန်ခံစားမည့် အစီအစဉ် ပြုလုပ်မည်
1 / 2
Donate to DVB

၁၉၉၀ ပြည့်နှစ်ကနေ ၉၉ ခုနှစ်တွေမှာ ရှိခဲ့၊ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ဖော် ထုတ်ပြီး ခံစားရမယ့် အစီအစဉ်တခုကို လူငယ်တချို့က စီစဉ်နေပါတယ်။

“ကျနော်တို့လူငယ်တွေစုစည်းပြီး ပရဟိတ အလှူငွေရအောင် လုပ်တာပါ။ ဒီပွဲကနေ ရလာမယ့် အမြတ်တွေကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို လှူဒါန်းမှာပါ။ ဒီအတွက် လက်မှတ်တစ်စောင်ကို ၃ ထောင်ကျပ်လို့ သတ်မှတ်ထားပါတယ်” လို့ စီစဉ်သူ တယောက်ဖြစ်တဲ့ ကိုရန်နိုင်ဦးက ပြောပါတယ်။

ဒီပွဲမှာ ၁၉၉၀ ပြည့်နှစ်တွေဆီမှာ ခေတ်စားခဲ့တဲ့ အဖြစ်အပျက်တွေ၊ ဝတ်စား ဆင်ယင် ပုံတွေ၊ အသုံးအဆောင်တွေ၊ ကစားနည်းတွေ၊ အစားအသောက်တွေ၊ ဇာတ်ကောင်တွေ၊ ကာတွန်းတွေကို တနေရာတည်း တစုတစည်း ပြန်တွေ့ရမှာပါ။

ကာတွန်းဆရာ သစ်ထွဏ်း၊ ဆရာတင်အောင်နီ၊ ဆရာပိုးဇာနဲ့ ဆရာ မိမန်းလေး (တောင်ငူ) တို့ လာရောက်ဖို့ရှိတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“စားစရာဆိုရင်လည်း နို့ဆီခွက်ခံပြီးလုပ်တဲ ရေခဲခြစ်လိုမျိုး၊ ကပ်စေးနဲ၊ အုန်းမွှေးလုံး၊ ရှောက်သီးဆေးပြား စတာတွေရောင်းဖို့ စီစဉ်ထားပါတယ်။ နောက်ပြီးတော့ ၁၉၉၀ နဲ့ ၉၉ ကြားမှာ ခေတ်စားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကောင်တွေလည်း သရုပ်ပြဖို့ ရှိပါတယ်” လို့ ကိုရန်နိုင်ဦး က ပြောပါတယ်။

ပွဲတစ်ခုလုံးကို ၁၉၉၀ ပြည့်နှစ်တွေဆီက အငွေ့အသက်တွေအတိုင်း ဖြစ်နေအောင် လုပ်ထားမယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

ဒီပွဲကို လာမယ့် မေလ ၂၉ ရက် ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ကန်တော်ကြီး ထဲက မျှော်စင်ကျွန်းမှာ ပြုလုပ်သွားမှာပါ။

indexဒီပွဲကို လူသိအောင် ကြေငြာတဲ့အနေနဲ့ နှစ်သိမ့်ပွေ့ဖက်တာကို ပြန်ဖော်ထုတ်တဲ့ Free Hugs အစီအစဉ်တွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013