DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် စစ်ကိုင်းကို ဆက်လက်ဖြတ်ကျော်နေ၊ အညိုရောင်အဆင့်သတ်မှတ်
DVB
·
May 22, 2016
မုန်တိုင်းငယ် စစ်ကိုင်းကို ဆက်လက်ဖြတ်ကျော်နေ၊ အညိုရောင်အဆင့်သတ်မှတ်
1 / 3
Donate to DVB

ဆိုင်ကလုန်း ရွန်နူဟာ ချင်းပြည်နယ်ကို မုန်တိုင်းငယ်အဖြစ် ဝင်ရောက်ခဲ့တယ်လို့ မြန်မာ အစိုးရက ထုတ်ပြန်ထားပြီး လေပြင်း၊ မိုးသည်းထန်တာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်လက်ဖြတ်ကျော်နေပြီး အညိုရာင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ကြောင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ (၃၅) မိုင်မှ မိုင်(၄၀)ခန့် တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

13256143_616814401806975_6013302221683207947_nမြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ် နိုင်တာကြောင့် ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေ အထူးသတိပြုကြဖို့ အကြံပြုထားပါတယ်။

ဆိုင်ကလုန်း ရွန်နူ မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာတော့ လူ ၂၄ ထက်မနည်း သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ်ပြောင်းရွှေထားရတယ်လို့  အာဏာပိုင်တွေက  ပြောပါတယ်။

မုန်တိုင်း အဖျားခတ်သွားတဲ့ ရခိုင်ပြည်နယ်ထဲက မောင်တော စစ်တွေ၊ ကျောက်ဖြူ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်တို့မှာ မနေ့က  လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်တာ ကြုံခဲ့ရပါတယ်။

ကျောက်ဖြူမြို့မှာ ငါးဖမ်းစက်လှေ တစ်ရာကျော်အပါအ၀င် ရေကြောင်းသွားလာရေး အားလုံး ရပ်ဆိုင်းထားခဲ့ရပါတယ်။

ပေါက်တောမြို့နယ်ထဲက အနိမ့်ပိုင်း ရွာသားတွေက မေလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းက မြို့ပေါ်နဲ့ နီးစပ်ရာတောင်ပေါ်နေရာများကို တိမ်းရှောင်ခဲ့ကြပါတယ်။

13255978_616814408473641_3624855275491955341_nကုန်းတွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ၂၃ ရက်နေ့အထိ တစ်ပြည်လုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသ အလိုက်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးမယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013