DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြောင့် လေးမျက်နှာမြို့နယ် အိုင်သပြုရွာ ကမ်းပါးပြိုကျမည်ကို စိုးရိမ်ရ
DVB
·
May 22, 2016
မြစ်ရေကြောင့် လေးမျက်နှာမြို့နယ် အိုင်သပြုရွာ ကမ်းပါးပြိုကျမည်ကို စိုးရိမ်ရ
1 / 7
Donate to DVB

လတ်လောရွာနေတဲ့မိုးကြောင့် ငဝန်မြစ်ရေမြင့်တက်နေပြီး လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာမှာ ကမ်းပါးပြိုမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကမ်းပါးတချို့ပြိုတော့ အနားကအိမ်တွေက စောင့်ကြည့်ရတဲ့ အနေအထားပဲ။ ငဝန်တာနဲ့ ပေ ၁၅၀ လောက်ဝေးတယ်။ တာကို ပြိုမှလုပ်မယ်ဆိုရင် အချိန်မမီတော့ဘူး” လို့ ဒေသခံ ဦးခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က အဲဒီတာကို အကြီးစားပြင်ဆင်မွမ်းမံဖို့ တင်ပြခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

အိုင်သပြုရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာကလည်း ကမ်းပါးပြိုကျလို့ အိမ် ၅၀ ကျော်ကို ရပ်ကွက်အသစ်ဖော်ပြီး ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

“အိမ် သုံးလေးဆယ် ကျန်သေးတယ်။ ဧရာဝတီ မြစ်ရေဝင်လို့ ငဝန်မြစ်က ရေထက်ဝက်လောက်ပဲ ရှိပေမယ့် တာဘောင်ရော၊ ကမ်းပါးတွေရောက စိတ်မချနိုင်ဘူး” လို့ ဒေသခံ ဦးခင်ဇော်က ပြောပါတယ်။

ငဝန်တာဟာ ၉၁ ခုနှစ်နဲ့နောက်ပိုင်းမှာ နှစ်ကြိမ်လောက် ကျိုးခဲ့ဖူးပြီး လယ်မြေဧက သိန်းနဲ့ချီ နစ်မြုပ်ခဲ့ရတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013