DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် ရက် ၁၀၀ စီမံချက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး စတင်
DVB
·
May 21, 2016
တိုက်ကြီးတွင် ရက် ၁၀၀ စီမံချက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး စတင်
1 / 5
Donate to DVB

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ မေလ ၂၁ ရက်က ၁၀၀ စီမံချက်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ အများပြည်သူ သိရှိနားလည်ဖို့ စတင်အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ တိုက်ကြီးမြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

“ကျနော်တို့ ဦးထုပ်ဆောင်းတာကို အဓိကထားဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ တိုက်ကြီးမြို့နယ်မှာ ဆိုင်ကယ်စီးသူဦးရေက သိန်းနဲ့ချီရှိတဲ့အတွက် ယာဉ်တိုက်မူတွေ မကြာခဏဖြစ်ပေါ်ပြီး လူသေမူလည်း များပါတယ်။ ဘာကြာင့်ဆိုတော့ ဆိုင်ကယ်စီးသူအများစုက ဦးထုပ်မဆောင်းတာများပါတယ်။ ဒါကြောင့် ဦးထုပ်ဆောင်းတာကို အဓိကထားပြီးပြုလုပ်တာပါ” လို့ တိုက်ကြီးမြို့နယ် ယာဉ်စီးကမ်းထိမ်းသိမ်း ဖမ်းစီးရေးအဖွဲ့မှာ ပါဝင်တဲ့ ယာဉ်ကြီးကြပ်ရေးမှူး ဦးတင်ဝင်းနိုင်က ပြောပါတယ်။

ယာဉ်စည်းကမ်းလမ်းစည်းကို ပညာပေးကာလအနေနဲ့ ၃ ကြိမ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပညာပေးဟောပြောပွဲတွေလည်း မကြာခဏ ပြုလုပ်ပါတယ်။ အခုက ပညာပေးကာလအဖြစ် ၃ ကြိမ်ပြုလုပ်ပါမယ်။ ပညာပေးကာလအတွင်းမှာ ဦးထုပ်တွေကို ၁ လုံး ၅၀၀၀ ကျပ်နူန်း၊ အလုံးရေ ၂၀၀ ကျော်ရောင်းချပေးပါတယ်။ ပညာပေးကာလကျော်လွန်သွားလို့မှ စည်းကမ်းလိုက်နာမူမရှိတဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းစီးအရေးယူပြီး ဒဏ်ငွေ ၃ သောင်းမှ ၅ သောင်းအထိ မြို့နယ်တရားရုံးမှာ ပေးဆောင်ခိုင်းမယ်” လို့ ဦးတင်ဝင်းနိုင်က ပြောပါတယ်။

သတင်းနှင့် ဓာတ်ပုံ - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013